ကက်ရ်ှမီးယားတွင် အိန္ဒိယတပ်ဖွဲ့များက သူပုန်ဟု သံသယရှိသူ ခြောက်ဦးကို တစ်ညတည်း သတ်ဖြတ်ခဲ့

PUBLISHED - December 31, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၁ (People Media)
အိန္ဒိယအုပ်ချုပ်သည့် ကက်ရ်ှမီးယားတွင် အစိုးရတပ်ဖွဲ့များက သူပုန်ဟု သံသယရှိသူခြောက်ဦးကို တစ်ည တည်း သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကက်ရှ်မီးယားပြည်နယ် Anantnag နှင့် Kulgam ခရိုင်များတွင် ပါကစ္စတန်နိုင်ငံသားနှစ်ဦးအပါအဝင် စစ်သွေး ကြွခြောက်ဦးသည် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်အတွင်း သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲချုပ် Vijay Kumar က ယနေ့ ပြောကြားခဲ့သည်။
ကက်ရှ်မီးယားတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲတစ်ခုအတွင်း အိန္ဒိယစစ်တပ်မှ စစ်သားတစ်ဦး လည်း သေဆုံးခဲ့ကြောင်း ကူးမားက ပြောကြားခဲ့သည်။
သူပုန်အဖွဲ့များသည် အိန္ဒိယနယ်မြေအချို့ကို ထိန်းချုပ်ထားသည့် အိမ်နီးချင်း ပါကစ္စတန်နှင့် ပေါင်းစည်းရန် တောင်းဆိုပြီး အိန္ဒိယတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီးဖြစ်သည်။
၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသတွင်းမှာ သူပုန် ၃၈၀ ခန့် သေ ဆုံးခဲ့ပြီး အရပ်သား ၁၀၀ နီးပါးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ ကျော်လည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များ ကပြောကြားခဲ့သည်။
အိန္ဒိယအုပ်ချုပ်သည့် ကက်ရ်ှမီးယားတွင် တော်လှန်ပုန်ကန်မှုကို ပါကစ္စတန်က တွန်းအားပေးသည်ဟု အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်ဘက်မှ အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ကက်ရ်ှမီးယားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် သံတမန်ရေးရာနှင့် စာရိတ္တပိုင်းဆိုင်ရာ ကျောထောက်နောက်ခံသာ ပေးနေခြင်း သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကိုးကား – Aljazeera
Ref; Six rebels, Indian soldier killed in Kashmir: Police
#PeopleMedia #EPN
(unicode)
…………………………………………….
Ref; Six rebels, Indian soldier killed in Kashmir: Police
#PeopleMedia #EPN