ကက်ရှ်မီးယားသူပုန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အိန္ဒိယလေတပ် တပ်ကြပ်တစ်ဦးသေဆုံးပြီး စစ်သည် ၄ ဦး ဒဏ်ရာရ
PUBLISHED - May 7, 2024
နိုင်ငံတကာ၊ မေ ၇
အိန္ဒိယအုပ်ချုပ်မှုအောက်က ကက်ရှ်မီးယားဒေသမျာ စစ်ယာဉ်တစ်စီးကို ကက်ရှ်မီးယားသူပုန်တွေလို့ သံသယ ဖြစ်ဖွယ်ရာရှိတဲ့ သူပုန်တွေက စနေနေ့ (မေလ ၄ ရက်နေ့) က ခြုံခုံတိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယလေ တပ်စစ် သည်တစ်ဦးကျဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဆရီနဂါးမြို့ရဲ့တောင်ဘက် ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) ဝန်းကျင်ဝေးကွာပြီး တောင်ထူထပ်တဲ့ ပွန်းချ်နယ်မြေ မှာ လေတပ်ထရပ်ကားတစ်စီးကို အမည်/အင်အားမသိတဲ့ သူပုန်တွေက လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ တာဖြစ်ကြောင်း လေတပ်က ပြောပါတယ်။
စနေနေ့ညနေပိုင်းက တိုက်ခိုက်မှုကြောင့် လေတပ်စစ်သည်ငါးဦး ဒဏ်ရာရရှိခဲ့ကြရာ အဲဒီအထဲက တပ်ကြပ် အ ဆင့်ရှိ စစ်သည်တစ်ဦးဟာ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ကျဆုံးသွားကြောင်း လေတပ်က ပြောပါတယ်။
ဧပြီလ ၁၉ ရက်နေ့က အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ ပထမအဆင့်မှာ အနီးအနား မဲဆန္ဒနယ်တွေက ပါဝင်မဲပေးခဲ့ကြသလို ပွန်းချ်နယ်မြေက မဲဆန္ဒရှင်တွေကလည်း အခုသီတင်းပတ်အတွင်း မဲပေးဖို့ စီစဉ်ထားပေမဲ့ မကြာသေးခင်ကာလက ရာသီဥတုအလွန်ဆိုးရွားလာတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပတဲ့ရက်ကို မေလ ၂၅ ရက်နေ့ကို ပြောင်းရွှေ့ခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နို်င်ငံစလုံးက အပြည့်အဝ လိုချင်နေကြတဲ့အတွက် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရကတည်းက အဲဒီဒေသကို နှစ်နိုင်ငံကြားမှာ နှစ်ပိုင်းခွဲထားခဲ့ပါတယ်။
အိန္ဒိယအုပ်ချုပ်နေတဲ့ ကက်ရှ်မီးယားဒေသကို လွတ်လပ်ရေးပေးရင်ပေး၊ ပါကစ္စတန်နဲ့ ပူးပေါင်းခွင့်ပြုရင်ပြုလို့ တောင်းဆိုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ သူပုန်အုပ်စုက ၁၉၈၉ ခုနှစ်ကစပြီး လက်နက်စွဲကိုင်တော်လှန် ခဲ့ကြပါတယ်။
ကက်ရှ်မီးယားစစ်ပွဲကြောင့် အရပ်သား၊ စစ်သား၊ စစ်သွေးကြွ ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ကက်ရှ်မီးယားဒေသမှာ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေ ကျင်းပနေစဉ်အတွင်း ပြီးခဲ့တဲ့လကစပြီး သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေ အနည်းငယ်မြင့်တက်လာခဲ့ပါတယ်။
ဧပြီလအတွင်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်သုံးခုမှာ သူပုန် ၃ ဦးသေဆုံးခဲ့သလို ရဲအရာရှိတစ်ဦးနဲ့ စစ်သား ၃ ဦး လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်နာရန်ဒရာမိုဒီအစိုးရက ကက်ရှ်မီးယားဒေသရဲ့ ကန့်သတ်ထားတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပယ်ဖျက် လိုက်ပြီး လုံခြုံရေး ပိုမိုတင်းကျပ်လိုက်တဲ့အတွက် ၂၀၁၉ ခုနှစ်ကစပြီး ဒေသတွင်း အကြမ်းဖက်မှုတွေ သိသိသာ သာ လျော့ကျသွားပါတယ်။
ပြီးခဲ့တဲ့လက စတင်ခဲ့ပြီး သီတင်းပတ်ခြောက်ပတ်ကြာမြင့်တဲ့ အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲဟာ ဇွန်လ ၁ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
Ref: Suspected Kashmir Rebels Kill Indian Air Force Corporal
#PeopleMedia