• Follow Us on
Latest News

Home ကခ်င္ျပည္နယ္၌ေျမဧက (၅)သိန္းခန္႔ရွိသည့္ သတၱဳတြင္းထြက္ စမ္းသပ္တူးေဖာ္ရန္ ကုမၸဏီတစ္ ခုက ေလ်ာက္ထား

ကခ်င္ျပည္နယ္၌ေျမဧက (၅)သိန္းခန္႔ရွိသည့္ သတၱဳတြင္းထြက္ စမ္းသပ္တူးေဖာ္ရန္ ကုမၸဏီတစ္ ခုက ေလ်ာက္ထား

Share this post

ျမစ္ႀကီးနား၊ ျသဂုတ္ ၂၆

ကခ်င္ျပည္နယ္အတြင္း ေခါင္လန္ဖူး၊ ေဆာ့ေလာ္ ႏွင့္ ခ်ီေဖြ ၿမိဳ႕နယ္အတြင္းရွိ ေျမဧက ၅သိန္း ခန္႔ရွိသည့္ ေနရာမွာ သတၱဳစမ္းသပ္ တူးေဖာ္ေရးမ်ားေဆာင္ရြက္ရန္အတြက္ ႏိုင္ငံျခားကုမၸဏီတစ္ခုမွ ေလွ်ာက္ထား ေၾကာင္း ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာန႐ုံးခြဲမွ သိရသည္။

Strategy Matters (Myanmar) ကုမၸဏီ အမည္ရွိ ႏိုင္ငံျခား ကုမၸဏီတစ္ခုက ယင္ေဒသမ်ားရွိ ေျမဧက ၅၀၀၃၇၈ ဧကတြင္ သတၱဳ စမ္းသပ္ တူးေဖာ္ခြင့္ျပဳရန္ ျပည္ေထာင္စုအဆင့္သို႔ ၂၀၁၁ခုႏွစ္ အတြင္း ေလ်ာက္ထားခဲ့ေၾကာင္းသိရသည္။

ျပည္ေထာင္စုအစိုးရမွ ျပည္နယ္အစိုးရသို႔ ၂၀၁၉ ဇူလိုင္လအတြင္း ကြင္းဆင္းစစ္ေဆးရန္ထုတ္ျပန္ထား ေသာ္လည္း ကုမၸဏီဘက္မွ ျပန္လည္ ဆက္သြယ္ေမးျမန္း လာတာမရွိျခင္း ေၾကာင့္ ယင္းေျမေနရာမ်ားကို ကြင္းဆင္းစစ္ေဆးမႈကို မျပဳလုပ္ရေသးေၾကာင္း ကခ်င္ျပည္နယ္ သတၱဳတြင္းဦးစီးဌာန၊ ၫႊန္ၾကားေရးမွဴး ဦးေစာယုက ယေန႔ ျသဂုတ္လ ၂၅ ရက္ေန႔က ေျပာသည္။

“ျပည္နယ္အဆင့္ကေန႔ေတာ့ ကုမၸဏီက တာဝန္ရွိသူေတြအသိပညာရွင္ေတြနဲ႔ ပူးေပါင္းကြင္းဆင္းဖို႔စာထုတ္ ေပးထားၿပီးၿပီ အခုအခ်ိန္ အထိ ကုမၸဏီဘက္က ျပန္လည္ဆက္သြယ္မႈမရွိတာေၾကာင့္ေကာ၊ အခုေရာဂါကာ လေၾကာင့္လားေတာ့မသိဘူး ဆက္သြယ္တာမရွိတာေၾကာင့္ ကြင္းဆင္းဖို႔အခုခ်ိန္ထိမရွိေသဘူး” ဟု ၎က ေျပာသည္။

အဆိုပါ ေလွ်ာက္ထားမႈႏွင့္ ပတ္သက္၍ ယခု ႏွစ္ ၂၀၂၀ မတ္လအတြင္း ကြင္းဆင္းစစ္ေဆးဖို႔စီစဉ္ထားေပမယ့္ လက္ရွိ ကမၻာ့ ကပ္ေရာဂါအေျခအေနေၾကာင့္ ကြင္းဆင္းစစ္ေဆးဖို႔ ကုမၸဏီဘက္က ဆက္သြယ္မႈမရွိေသး ေၾကာင္း သိရသည္။

အဆိုပါ သတၱဳ စမ္းသပ္တူးေဖၚရန္ ေလွ်ာက္ ထားခဲ့မႈႏွင့္ ပတ္သက္၍ ေဒသအခ်ိဳ႕ကျပည္သူမ်ားက ကန္႔ကြတ္ျခင္ းေၾကာင့္ ျပည္သူမ်ားရဲ႕အသံကိုနားေထာင္ေပးေစလိုေၾကာင္း ေခါင္လန္ဖူးၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအားခီဆာက သုံးသပ္ေျပာၾကားသည္။

“အဲ့ဒီလုပ္ငန္းအတြက္ ေဒသခံေတြရဲ႕အသံကိုနားေထာင္ေပးေစလိုတယ္၊ ေဒသခံမ်ားအေနနဲ႔လည္း သူတို႔လုပ္ကိုင္စားေသာက္တဲ့ ေျမရာလည္းျဖစ္တာေၾကာင့္ျဖစ္မွာပါ ၊ ဒါေၾကာင့္ ျပည္သူေတြရဲ႕ အသံက အေရးႀကီးပါတယ္။”ဟု ၎က ေျပာသည္။

ကခ်င္ျပည္နယ္အတြင္း ျပည္ေထာင္စုမွ ခြင္ျပဳမိန္႔ရွိထားသည့္ အႀကီးစား ထုတ္လုပ္ခြင့္ေနရာ (၄)ခု ၊ အေသးစား (အလက္စားကူးေျပာင္း)ေနရာ (၈၀)ခု ႏွင့္ စမ္းသပ္ေနရာ ၂၆ ခု ခြင့္ျပဳမိန္းေပးထားၿပီး ျပည္နယ္အဆင့္မွ ခြင့္ျပဳမိန္႔ေပးထားသည့္ အေသးစား(၄)ဧကအတြက္ေနရာ (၂၅၃)ခု၊ လက္လုပ္လက္စား (၁) ဧက အတြင္ ေနရာ (၆၂)ခု ခြင့္ျပဳမိန္႔ေပးထားေၾကာင္း ကခ်င္ျပည္နယ္႐ုံးခြဲ၊ သတၱဳတြင္းဦးစီးဌာန စရင္းမ်ားအရသိရသည္။

Photo – credit

ေဝယံ

#PeopleMedia #သတၱဳလုပ္ကြက္ #ျမစ္ႀကီးနား

(unicode)
ကချင်ပြည်နယ်၌မြေဧက (၅)သိန်းခန့်ရှိသည့် သတ္တုတွင်းထွက် စမ်းသပ်တူးဖော်ရန် ကုမ္ပဏီတစ် ခုက လျောက်ထား
……………………………………………………

မြစ်ကြီးနား၊ သြဂုတ် ၂၆

ကချင်ပြည်နယ်အတွင်း ခေါင်လန်ဖူး၊ ဆော့လော် နှင့် ချီဖွေ မြို့နယ်အတွင်းရှိ မြေဧက ၅သိန်း ခန့်ရှိသည့် နေရာမှာ သတ္တုစမ်းသပ် တူးဖော်ရေးများဆောင်ရွက်ရန်အတွက် နိုင်ငံခြားကုမ္ပဏီတစ်ခုမှ လျှောက်ထား ကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံးခွဲမှ သိရသည်။

Strategy Matters (Myanmar) ကုမ္ပဏီ အမည်ရှိ နိုင်ငံခြား ကုမ္ပဏီတစ်ခုက ယင်ဒေသများရှိ မြေဧက ၅၀၀၃၇၈ ဧကတွင် သတ္တု စမ်းသပ် တူးဖော်ခွင့်ပြုရန် ပြည်ထောင်စုအဆင့်သို့ ၂၀၁၁ခုနှစ် အတွင်း လျောက်ထားခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုအစိုးရမှ ပြည်နယ်အစိုးရသို့ ၂၀၁၉ ဇူလိုင်လအတွင်း ကွင်းဆင်းစစ်ဆေးရန်ထုတ်ပြန်ထား သော်လည်း ကုမ္ပဏီဘက်မှ ပြန်လည် ဆက်သွယ်မေးမြန်း လာတာမရှိခြင်း ကြောင့် ယင်းမြေနေရာများကို ကွင်းဆင်းစစ်ဆေးမှုကို မပြုလုပ်ရသေးကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစောယုက ယနေ့ သြဂုတ်လ ၂၅ ရက်နေ့က ပြောသည်။

“ပြည်နယ်အဆင့်ကနေ့တော့ ကုမ္ပဏီက တာဝန်ရှိသူတွေအသိပညာရှင်တွေနဲ့ ပူးပေါင်းကွင်းဆင်းဖို့စာထုတ် ပေးထားပြီးပြီ အခုအချိန် အထိ ကုမ္ပဏီဘက်က ပြန်လည်ဆက်သွယ်မှုမရှိတာကြောင့်ကော၊ အခုရောဂါကာ လကြောင့်လားတော့မသိဘူး ဆက်သွယ်တာမရှိတာကြောင့် ကွင်းဆင်းဖို့အခုချိန်ထိမရှိသေဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ လျှောက်ထားမှုနှင့် ပတ်သက်၍ ယခု နှစ် ၂၀၂၀ မတ်လအတွင်း ကွင်းဆင်းစစ်ဆေးဖို့စီစဉ်ထားပေမယ့် လက်ရှိ ကမ္ဘာ့ ကပ်ရောဂါအခြေအနေကြောင့် ကွင်းဆင်းစစ်ဆေးဖို့ ကုမ္ပဏီဘက်က ဆက်သွယ်မှုမရှိသေး ကြောင်း သိရသည်။

အဆိုပါ သတ္တု စမ်းသပ်တူးဖေါ်ရန် လျှောက် ထားခဲ့မှုနှင့် ပတ်သက်၍ ဒေသအချို့ကပြည်သူများက ကန့်ကွတ်ခြင် းကြောင့် ပြည်သူများရဲ့အသံကိုနားထောင်ပေးစေလိုကြောင်း ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားခီဆာက သုံးသပ်ပြောကြားသည်။

“အဲ့ဒီလုပ်ငန်းအတွက် ဒေသခံတွေရဲ့အသံကိုနားထောင်ပေးစေလိုတယ်၊ ဒေသခံများအနေနဲ့လည်း သူတို့လုပ်ကိုင်စားသောက်တဲ့ မြေရာလည်းဖြစ်တာကြောင့်ဖြစ်မှာပါ ၊ ဒါကြောင့် ပြည်သူတွေရဲ့ အသံက အရေးကြီးပါတယ်။”ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုမှ ခွင်ပြုမိန့်ရှိထားသည့် အကြီးစား ထုတ်လုပ်ခွင့်နေရာ (၄)ခု ၊ အသေးစား (အလက်စားကူးပြောင်း)နေရာ (၈၀)ခု နှင့် စမ်းသပ်နေရာ ၂၆ ခု ခွင့်ပြုမိန်းပေးထားပြီး ပြည်နယ်အဆင့်မှ ခွင့်ပြုမိန့်ပေးထားသည့် အသေးစား(၄)ဧကအတွက်နေရာ (၂၅၃)ခု၊ လက်လုပ်လက်စား (၁) ဧက အတွင် နေရာ (၆၂)ခု ခွင့်ပြုမိန့်ပေးထားကြောင်း ကချင်ပြည်နယ်ရုံးခွဲ၊ သတ္တုတွင်းဦးစီးဌာန စရင်းများအရသိရသည်။

Photo – credit

ဝေယံ

#PeopleMedia #သတ္တုလုပ်ကွက် #မြစ်ကြီးနား


Share this post