ကချင်ပြည်နယ်၌ မြို့နယ် (လ-ဝ-က) ရုံးများတွင် ဧည့်ကြိုထားရှိရန် ပြည်နယ်လဝကဝန်ကြီး ညွန်ကြား

PUBLISHED - September 5, 2019
EPN
တနိုင်း၊ စက်တင်ဘာလ ၅
ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် မြို့နယ်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများတွင် ဧည့်ကြိုထားရှိရန်အတွက် ပြီးခဲ့ သည့် သြဂုတ်လ ဒုတိယအပတ်အတွင်းက ညွန်ကြားထားပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
စက်တင်ဘာလ ၁ရက်နေ့နှင့် ၂ ရက်နေ့၌ ရှင်ဗွေယန်မြို့နှင့် တနိုင်းမြို့ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပတ် သက်ပြီး ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ထို့သို့ လုပ်ဆောင် ရခြင်းသည် မြို့နယ်ရုံးများသည် ပြည်သူလူထုနှင့် ပိုပြီး ထိတွေ့ဆက်ဆံ နေရသည့်အတွက် မြို့နယ်ရုံးများတွင် ဧည့်ကြိုထားရှိရန်နှင့် ယခုလို ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ လုပ် ဆောင်ရာတွင်လည်းကောင်း၊ အိမ်ထောင်စုများ လုပ်ဆောင်ရာတွင် လည်းကောင်း လွယ်ကူနိုင်စေရန် ရည်ရွယ်၍ ညွန်ကြားထားခြင်းဖြစ် ကြောင်း ဝန်ကြီးဦးဇော်ဝင်းက ပြောကြားသည်။
“ ဒါက ပြည်သူ့ဝန်ဆောင်မှုပေးတဲ့အခါမှာ ပြုပြင်ရေးလုပ်သင့်တယ်ထင် လို့ သီးသန့်ညွန်ကြားချက်ပါ။ ဝန်ကြီးချုပ်ကိုတော့ တင်ပြထားတာမရှိပါ ဘူး။ ဝန်ကြီးချုပ်ကလည်း သီးခြားဒါတွေ ဒါတွေလုပ်ပါလို့ ညွန်ကြားထား တာ မရှိပါဘူး။ ကျတော်ကိုင်နေတဲ့ ဌာနဆိုင်ရာတွေ၊ အလားတူ လဝက မှာတော့ ပထမဆုံးဖြစ်ပြီး တခြားဌာနတွေမှာလည်း ဒီလိုမျိုးလုပ်ဖို့ အစီ အစဉ်ရှိပါတယ်။” ဟု ဝန်ကြီးဦးဇော်ဝင်းက ပြောသည်။
တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးတွင် နေထိုင်သော ဒေသ ခံများထဲ၌ အိမ်ထောင်စုနှင့် မှတ်ပုံမရရှိသေးသူ အများအပြားရှိနေေ ကြာင်း၊ လက်ရှိမှာ သက်ဆိုင်ရာရုံးများသို့ သွားရောက်လုပ်ဆောင်ရာမှာ လည်း အခက်အခဲများ၊ ကြန့်ကြာမှုများရှိနေကြာင်း ယခုလို ဆောင်ရွက် ပေးခြင်းဖြင့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ လုပ်ဆောင်ရာ တွင်လည်းကောင်း၊ အိမ်ထောင်စုများ လုပ်ဆောင်ရာတွင်လည်းကောင်း လွယ်ကူနိုင်မည်ဟု တနိုင်းမြို့ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာနကို ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်း ဝန်ကြီးဌာနဝန်ကြီးကို သြဂုတ်လ ၁ရက်နေ့က တနိုင်းမြို့နယ်မဲဆန္ဒ ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ခန့်အပ်တာဝန်ပေးခဲ့ သည်။
ကောင်းကောင်း