ကချင်ပြည်နယ်၏ တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Street Performance ပြုလုပ်သူ နှစ်ဦး ထောင်ဒဏ် ၁၅ ရက် ကျခံ

PUBLISHED - September 2, 2019
EPN BRIEF NEWS
မြစ်ကြီးနား၊ စက်တင်ဘာ ၂
ကချင်ပြည်နယ်၏ တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Street Performance လုပ်ဆောင်ရာတွင် ဦးဆောင်ခဲ့သော ကိုပေါလု နှင့် မဆိုင်းနူးပန်တို့ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ယနေ့(စက် တင်ဘာ ၂) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်တရားရုံးက ငွေဒဏ် (၃၀၀၀၀) စီချမှတ်ခဲ့ရာ တရားရုံးမှ ချမှတ်သည့် ငွေဒဏ်ကို မဆောင်ဘဲ ထောင် ဒဏ် (၁၅) ရက်ကျခံထားကြောင်း ကနဦး သိရသည်။
လက်ရှိအချိန်၌ ကချင်တိုင်းရင်းသားများသည် မြစ်ကြီးနားအကျဉ်း ထောင်ရှေ့၌ စတစ်ကာကန်ပိန်းများ ပြုလုပ်၍ ဆန္ဒထုတ်ဖော်လျှက်ရှိ သည်။
လွမ်းအောင်
သတင်းအပြည့်အစုံဆက်လက်တင်ပြမည်။