ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် နမ့်ခမ်းမြို့နယ်၊ မန်တပ်ရွာအနီး ရွှေလီ(၁) ရေအားလျှပ်စစ်စက်ရုံရှိ လုံခြုံရေးအဖွဲ့ကို တိုက်ခိုက်ရန် စစ်သွေးကြွများ ပြင်ဆင်နေ
PUBLISHED - August 9, 2024
မန္တလေး၊ သြဂုတ် ၉
ရှမ်းမြောက်ဒေသ၊ နမ့်ခမ်းမြို့၊ မန်တပ်ကျေးရွာအနီးရှိ ရွှေလီ(၁) ရေအားလျှပ်စစ်စီမံကိန်း၌ စက်ရုံလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များကို တိုက်ခိုက်ရန် စစ်သွေးကြွများ ပြင်ဆင်နေသည်။
အဆိုပါ စက်ရုံတည်ရှိရာ နေရာသည် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်၌ တည်ရှိပြီး နမ့်ခမ်းမြို့နဲ့ ၁၇ မိုင်ခန့် အကွာမှာ တည်ရှိပါတယ်။
ရွှေလီမြစ်ပေါ်၌ တရုတ်ရင်းနှီးမြုပ်နှံမှု အများဆုံးနဲ့ တည်ဆောက်ထားသော ရေအားလျှပ်စစ် စက်ရုံတစ်ရုံ ဖြစ်သည်။ “ဒီစက်ရုံရဲ့ ထောက်ပို့လမ်းကြောင်းက ပိတ်သွားပြီ။ ရမခ ကျပြီးနောက်မှာ စက်ရုံက ထီးထီးကြီး ဖြစ်သွားပြီ။ အဲ့ဒီ စက်ရုံကို တိုက်ခိုက်ဖို့ မြောက်ပိုင်းအဖွဲ့တွေက ပြင်ဆင်နေတယ်” လု့ိ နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ရှမ်းမြောက်ဒေသရှိ မြို့နယ်များကို စစ်သွေးကြွ မြောက်ပိုင်းအဖွဲ့နဲ့ အပေါင်းအပါများ တိုက်ခိုက်ပြီးနောက် တရုတ်-မြန်မာ ကုန်သွယ်ရေး၊ နှစ်နိုင်ငံ စီမံကိန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုံးဝ ရပ်ဆိုင်းခဲ့ရသည်။
#PeopleMedia