• Follow Us on

Home ကချင်ပြည်နယ် ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် UEC မှတ်ပုံတင်ခွင့်ပြု

ကချင်ပြည်နယ် ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် UEC မှတ်ပုံတင်ခွင့်ပြု

Share this post

နေပြည်တော်၊ သြဂုတ် ၂၀

 

ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ စိမ်းမြဧရာပန်းခြံအနီး၊ အမှတ် (၃၂၈) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ကချင်ပြည်နယ် ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)] ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

 

ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)] ၏ မှတ်ပုံတင်အမှတ်မှာ (၅၁) ဖြစ်ကြောင်း ကြေညာထားသည်။

 

#PeopleMedia


Share this post