ကချင်ပြည်နယ် အထူးဒေသ(၁) ကို ဝင်ရောက်တိုက်ခိုက်လာသည့် KIA/ PDF တွေကို ယတိပြတ် ခုခံချေမှုန်း ရန် ဦးဇခုန်တိန့်ယိန်း စစ်မိန့်ထုတ်
PUBLISHED - June 15, 2024
နေပြည်တော်၊ ဇွန် ၁၅
ကချင်ပြည်နယ် အထူးဒေသ (၁) ဒေသများဖြစ်သည့် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုင်တည် ဒေသများ သို့ တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးရန် ဝင်ရောက်တိုက်ခိုက်လာသည့် KIA/PDF ပူးပေါင်းအဖွဲ့များကို ယတိပြတ် ခုခံချေမှုန်းရန် ဦးဇခုန်တိန့်ယိန်းက စစ်မိန့် ထုတ်လိုက်သည်။
နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများနှင့် ဒေသလက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်များအား ဦးဇခုန်တိန့်ယိန်းက ယင်းသို့ စစ်မိန့်ပေးလိုက်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးကို ဖျက်ဆီးရန်၊ နိုင်ငံတော်ကို ဖျက်ဆီးရန်၊ တိုင်းရင်းသားလူမျိုး ပြည်သူများ၏ဘဝ သာယာ အေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF များမှ ကျူးကျော်လာပြီ ဖြစ်သဖြင့် ကချင်ပြည်နယ် အထူးဒေသ (၁)တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အနေဖြင့် မြေတစ်လမတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းကြရန် ဦးဇခုန်တိန့်ယိန်းက စစ်မိန့်ပေး လိုက်သည်။
ယင်းအပြင် ကချင်ပြည်နယ် အထူးဒေသ (၁)ကို ဝင်ရောက်လာသည့် ရန်သူမှန်သမျှကို တားဆီးချေမှုန်း ကြရမည်ဖြစ်ပြီး ဝင်ရောက်လာသည့် ရန်သူများကို ပြန်ထွက်မသွားရန် ရှေ့နောက်ပိတ်ပြီး တိုက်ခိုက် ချေမှုန်းကြရန် ဦးဇခုန်တိန့်ယိန်းက ဆော်သြထားသည်။
#PeopleMedia