• Follow Us on
Latest News

Home ကင်ဂျုံအန်က ပူတင်ကို ဖက်လှဲတကင်း ပွေ့ဖက်ကြိုဆိုပြီး ဝင်ရိုးစွန်းပေါင်းစုံကမ္ဘာသစ်တည်ဆောက်ရေးမြှင့်တင် မယ်လို့ သံန္နိဋ္ဌာန်ချ

ကင်ဂျုံအန်က ပူတင်ကို ဖက်လှဲတကင်း ပွေ့ဖက်ကြိုဆိုပြီး ဝင်ရိုးစွန်းပေါင်းစုံကမ္ဘာသစ်တည်ဆောက်ရေးမြှင့်တင် မယ်လို့ သံန္နိဋ္ဌာန်ချ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၉

 

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၉ ရက်နေ့) က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ကို ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ပွေ့ဖက်ကြိုဆိုခဲ့ပြီးနောက် နှစ်ဦးသား နှစ်ရှည် လများမျိုးသိပ်ထိန်းချုပ်ထားတဲ့အတွေးအမြင်တွေကို ဖလှယ်ပြီး နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့ သဘောတူညီခဲ့ ကြောင်း မြောက်ကိုရီးယား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

၂၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို အရုဏ်မတက်ခင်လေးမှာ ရောက်ရှိလာတဲ့ သမ္မတပူတင်ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံစလုံး နိုင်ငံတကာအသိုင်းအဝိုင်းက ပစ်ပယ်ထားတဲ့အချိန်မှာ ဆယ်စုနှစ် ပေါင်းများစွာကြာမြင့်ခဲ့တဲ့ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးကို ပြန်လည်ပုံဖော်မယ့် ခရီးစဉ်အဖြစ် မှတ်ယူ ထားကြပါတယ်။

 

နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးဟာ ဝင်ရိုးစွန်းပေါင်းစုံကမ္ဘာသစ်တစ်ခု တည်ဆောက်ရေး အရှိန်မြှင့်တင်ဖို့အတွက် မောင်းနှင်အားတစ်ရပ်ဖြစ်ပြီး ပူတင်ရဲ့ခရီးစဉ်ဟာလည်း တည်တံ့ခိုင်မြဲတဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ညီညွတ်ရေးအ တွက် သက်သေပြလိုက်တာပဲဖြစ်ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနက ပြောပါတယ်။

 

အမေရိကန်အစိုးရကို စိတ်အနှောက်အယှက်ဖြစ်စေဖို့အတွက် စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ ကြားထဲက ရုရှားက မြောက်ကိုရီးယားကို နိုင်ငံရေးအရ ထောက်ခံမှုတွေ၊ စီးပွားရေးထောက်ပံ့မှု ကတိကဝတ် တွေပေးရင်း နွေးထွေးတဲ့ဆက်ဆံရေးတွေကို အသုံးပြုပြီးခဲ့ပါတယ်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယားစီမံ ချက်တွေကို ရုရှားက ထောက်ပံ့မှာကို စိုးရိမ်မိကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက ပြော နေကြသလို ယူကရိန်းစစ်ပွဲမှာ ရုရှားအသုံးပြုခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ အမြောက်ကျည်တွေကိုလည်း မြောက် ကိုရီးယားက ထောက်ပံ့ခဲ့တာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။

 

ရုရှားနဲ့ မြောက်ကိုရီးယားကတော့ လက်နက်တွေ လွှဲပြောင်းရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါ တယ်။

 

နိုင်ငံတော်အခမ်းအနားနဲ့ ဧည့်ခံကြိုဆိုပွဲတွေ၊ ဗုဒ္ဓဟူးနေ့မှာ တေးဂီတဖျော်ဖြေပွဲဧည့်ခံမှုတွေ၊ စာချုပ်လက်မှတ် ရေးထိုးတာတွေနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်တာတွေအပြင် ခေါင်းဆောင်နှစ်ဦးချင်းတွေ့ဆုံမှုတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပူတင်ရဲ့ နိုင်ငံခြားရေးအကြံပေးအရာရှိ ယူရီအပ်ရှ်ကော့ဗ်က ပြောပါတယ်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲခွင့်ရှိတဲ့ ရုရှားနိုင်ငံရဲ့ခေါင်းဆောင်ပူတင်က မြောက်ကိုရီး ယားကို မရောက်ခင်မှာ “အမေရိကန်ရဲ့ စီးပွားရေးဖိအားပေးမှုတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေနဲ့ ခြိမ်း ခြောက်မှုတွေကို ကြံံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့တဲ့အတွက်” မြောက်ကိုရီးယားအစိုးရကို ချီးကျူးခဲ့ပါတယ်။

 

Ref: Putin and Kim embrace in North Korea, vow new multi-polar world

 

#PeopleMedia


Share this post