• Follow Us on
Latest News

Home ကညွတ်ကွင်းနှင့် ညောင်ပင်သာကြားရှိ ရန်ကုန်-မန္တလေး မီးရထားသံလမ်းအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီး

ကညွတ်ကွင်းနှင့် ညောင်ပင်သာကြားရှိ ရန်ကုန်-မန္တလေး မီးရထားသံလမ်းအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ မေ ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းနှင့် ‌ညောင်ပင်သာကြားရှိ ရန်ကုန်-မန္တလေး မီးရထားသံလမ်းအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

ယနေ့ မေလ (၂၄)ရက် နံနက် (၁)နာရီ (၄၂)မိနစ်ခန့်နှင့် (၂)နာရီခန့်တွင် ကညွတ်ကွင်းနှင့် ညောင်ပင်သာကြား ရထားလမ်း မိုင်တိုင် ၁၂၇/ ၇-၈ ကြား ပတ္တရွာလမ်းကူးအနီးရှိ ရထားသံလမ်းအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။

 

ယင်းသို့ KNU/PDF အဖွဲ့ဝင်များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ရန်ကုန် – မန္တလေး ရထားလမ်း အဆန်လမ်းမှ အတွင်းသံလမ်း (၄)ပေခန့် ပြတ်ထွက်၊ ကွန်ကရစ် ဇလီဖား (၅)တုံးခန့် ပျက်စီး၊ အစုန်လမ်းမှ အတွင်းသံလမ်း (၄)ပေခန့် ပြတ်ထွက် ကွန်ကရစ်ဇလီဖား (၅)တုံးခန့် ပျက်စီးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post