• Follow Us on

Home ကညွတ်ကွင်းမြို့နယ်၊ ငတိုးခင်းကျေးရွာ၌ KNU/PDF အဖွဲ့များ စခန်းချ နေထိုင်နေ

ကညွတ်ကွင်းမြို့နယ်၊ ငတိုးခင်းကျေးရွာ၌ KNU/PDF အဖွဲ့များ စခန်းချ နေထိုင်နေ

Share this post

ပဲခူး၊ သြဂုတ် ၁၅

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နယ်၊ ငတိုးခင်းကျေးရွာ၌ KNU/PDF အဖွဲ့များ အလုံအရင်းဖြင့် ရောက်ရှိ နေပြီး ယနေ့အချိန်ထိ စခန်းချနေထိုင်လျက်ရှိနေသည်။

 

KNU/PDF အဖွဲ့ကို ကျေးရွာအတွင်း အခြေချနိုင်ရန် ကျေးရွာအတွင်း ခေါ်သွင်းခဲ့သူများမှာ ဒေသခံ ဦး ကျော်ဟိုး၊ ဦးကျော်မင်း၊ ဦးညွန့်ဝင်း၊ ဦးအောင်ညွှန့်လွင်တို့ဖြစ်သည်။

 

“လက်ရှိ KNU/PDF အဖွဲ့တွေက ကျေးရွာလမ်းတွေ ပိတ်ဆို့ ဖြတ်တောက်ထားတယ်။ စစ်ကြောင်းထိုးရင် အလွယ်တကူ တုန့်ပြန်နိုင်အောင်ပါ။ ငတိုးခင်းကျေးရွာနဲ့ ကညွတ်ကွင်းမြို့က ၈ မိုင်ခန့်သာ ဝေးတယ်။ နောက် ထပ် KNU/PDF တွေ စခန်းချထားတဲ့ ရွာက နောင်ဘိုရွာနဲ့ လှေဒုံးရွာကြားမှာရှိတဲ့ မာဃဒေဝ ဝက်မွေးမြူရေး ခြံဟောင်း ရှိတယ်။ အဲ့ဒီမှာ စခန်းထိုင်ထားတယ်” လို့ မြို့ခံတစ်ဦးက People Media ကို ပြောဆိုသည်။

 

PDF အဖွဲ့များသည် ဖြူးမြို့နယ်နှင့် ကညွတ်ကွင်းမြို့နယ်၌ မဟာဗျူဟာကျသော သစ်ဖြူဆိပ် ချောင်းကူး တံတားကို ဖျက်ဆီးပြီးနောက် ဖြူးမြို့နယ်တစ်ဝိုက်၌ စစ်ရေးလှုပ်ရှားမှုများ သိသာစွာ လှုပ်ရှားလာနိုင်ခဲ့ခြင်း ဖြစ်သည်။

 

#PeopleMedia


Share this post