• Follow Us on
Latest News

Home ကညွတ်ကွင်းမြို့နယ်၊ ဘုရားငါးဆူ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၇ ယောက်ကျ

ကညွတ်ကွင်းမြို့နယ်၊ ဘုရားငါးဆူ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၇ ယောက်ကျ

Share this post

ပဲခူး၊ ဒီဇင်ဘာ ၁၃

 

ယနေ့နံနက်ပိုင်းက ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဘုရားငါးဆူရဲကင်းစခန်းကို KNU/PDF က ဝင် ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၇ ယောက် ကျဆုံးခဲ့ပြီး လက်နက်များလည်း ဆုံးရှုံးခဲ့သည်။

 

KNU/PDF အဖွဲ့များသည် ဖြူးနှင့် ကညွတ်ကွင်းမြို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့၌ နေရာ ၄ နေရာဝင်ရောက်တိုက် ခိုက်ခဲ့သည်။ အလားတူ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှု၌ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ တပ်မတော်သား ၃ ဦး ကျဆုံးခဲ့သည်။

 

အဆိုပါ KNU/PDF အဖွဲ့များသည် မုန်းမြို့တိုက်ပွဲ၌ အထိနာပြီးနောက် စစ်တောင်းမြစ် အရှေ့ခြမ်းနှင့် အနောက် ခြမ်းကို ပြန်လည်ခြေကုပ်ယူပြီး မူလရှိနေသည့် KNU/PDF နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ကညွှတ်ကွင်းမြို့နယ်၌ န-စ-က၏ အာဏာသည် မြို့ပေါ်ရပ်ကွက်များ နှင့် ၄၃၉ အခြေစိုက်သည် တပ်နေရာသာ ရှိနေကြောင်း ဒေသခံများက ပြောသည်။

 

#PeopleMedia


Share this post