ကတိကဝတ်များလိုက်နာရန် ရွှေ့ပြောင်းအခြေချသူများအရေး အကြံပြုသူများက ဘိုင်ဒန်ဦးဆောင်မည့်အစိုးရ အဖွဲ့ကို တိုက်တွန်း

PUBLISHED - January 18, 2021
ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရွှေ့ပြောင်းအခြေချသူများဆိုင်ရာကတိကဝတ်များကို လိုက်နာရန် လာမည့်ဘိုင်ဒန်အစိုးရအဖွဲ့ကို ရွှေ့ပြောင်း အခြေသူများအခွင့်အရေးဆိုင်ရာအကြံပေးများက တိုက်တွန်းသည်။ အမေရိကန်ပြည်ထောင်စုသို့ ဟွန်ဒူး ရပ်စ်နိုင်ငံမှ ရွှေ့ပြောင်းအခြေချသူထောင်ချီဦးတည်ထွက်ခွာနေချိန်တွင် ပြောခြင်းဖြစ်သည်။
သောကြာနေ့တွင် ဂွာတီမာလာနိုင်ငံသို့ ဟွန်ဒူးရပ်စ်နိုင်ငံမှရွှေ့ပြောင်းအခြေချသူ ၁၀၀၀ ကျော်ရောက်လာ ချိန်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။
လူ ၅၀၀၀ ကျော်ပါဝင်သည့်လူစုသည် ဘိုင်ဒန်အာဏာလွှဲပြောင်းယူပြီးနောက် အမေရိကန်နယ်စပ်သို့ ပထမဆုံးရောက်ရှိလာသည့်ရွှေ့ပြောင်းအခြေချသူများဖြစ်နိုင်ချေရှိသည်။
မက္ကဆီကိုနှင့်အမေရိကတိုက်အလယ်ပိုင်းနိုင်ငံများနှင့် ပူးတွဲအလုပ်လုပ်ပြီး တရားမဝင်ရွှေ့ပြောင်းအခြေချမှု အခြေကိုဖော်ထုတ်ရန် ဘိုင်ဒန်ကို လူ့အခွင့်အရေးအကြံပေး ပွေဘလိုဆင် ဖရန်တီယာ့စ်ကတိုက်တွန်းသည်။
တရားမဝင်ရွှေ့ပြောင်းအခြေချမှုများဆီသို့ ပိုမိုလူသားဆန်သည့်ချည်းကပ်မှုများပြုလုပ်ရန်နှင့် သမ္မတ ထရမ့်လက်ထက် အငြင်းပွားဖွယ်အကောင်းဆုံးမူဝါဒအချို့ကိုပြောင်းလဲမှုများပြုလုပ်ရန် ဘိုင်ဒန်အစိုးရက ကတိပြုထားသော်လည်း တညအတွင်းပြောင်းလဲမှုများဖြစ်နိုင်မည်မဟုတ်ဟု သတိပေးသည်။
Ref : Migrant advocates call on Biden administration to honor ‘commitments’
#PeopleMedia
(unicode)
…………………………………………………………
Ref : Migrant advocates call on Biden administration to honor ‘commitments’
#PeopleMedia