ကတ်ရှ်မီးယားသို့ သယ်ဆောင်လာသော လက်နက်ခဲယမ်းများကို အိန္ဒိယရဲတပ်ဖွဲ့ ကြားဖြတ် သိမ်းဆည်းရမိ
PUBLISHED - September 13, 2019
ပါကစ္စတန်အခြေစိုက် လက်နက်ကိုင်အဖွဲ့ကလို့ သံသယရှိသူသုံးဦးကို လက်နက်ခဲယမ်းတွေ နဲ့အတူ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးမိခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ကပြောပါတယ်။
သံသယရှိသူ သုံးဦးဟာ လက်နက်ခဲယမ်းတွေကို အိန္ဒိယ ကတ်ရှ်မီးယားဒေသကို သယ် ဆောင်လာတဲ့ လမ်းမှာ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ AK-56 ချေမှုန်းရေးရိုင်ဖယ် ၄ လက်၊ AK-47 ၂ လက်၊ ကျည်ကပ် ၆ ခုနဲ့ ကျည်အတောင့် ၁၈၀တို့ပါဝင်ခဲ့ပါတယ်။
ဖမ်းဆီးမိသူသုံးဦးလုံဟာ ကတ်ရှ်မီးယားဒေသခံတွေဖြစ်ပြီး အိန္ဒိယ ပန်ဂျက်ပြည်နယ်ကနေ လက်နက်တွေကိုသယ်ဆောင်လာခဲ့တာဖြစ်ပြီး သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေး လျက်ရှိနေပါတယ်။
Ref;Reuters