• Follow Us on

Home ကနီမြို့ကို PDF တွေက ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် မြေပြင်စစ်ကြောင်း ထိုးပေးရန် ဒေသခံများ တောင်းဆို

ကနီမြို့ကို PDF တွေက ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် မြေပြင်စစ်ကြောင်း ထိုးပေးရန် ဒေသခံများ တောင်းဆို

Share this post

နေပြည်တော်၊ မတ် ၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ကို PDF အဖွဲ့ဝင်များမှ (၅) ရက်ကြာ ဝင်ရောက်တိုက်ခိုက် နေမှုကြောင့် တပ်မတော်အနေဖြင့် မြေပြင်စစ်ကြောင်းများ ထိုးပေးစေလိုကြောင်း ဒေသခံများက တောင်းဆို နေကြသည်။

 

PDF များအနေဖြင့် ယနေ့ မတ်လ(၆)ရက် နံနက် (၉)နာရီ (၅)မိနစ်ခန့်မှ စတင်ကာ ကနီမြို့ တပ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းအနီးရှိ ဘုန်းကြီးကျောင်းကိုလည်း မီးရှို့သွားကြောင်း ဒေသခံ များက ပြောသည်။

 

“မနက်က (၉)နာရီ (၅)မိနစ်လောက်ကနေစပြီးတော့ PDF က ဝင်လုံးတယ်။ မနေ့က သူတို့ မီးရှို့သွားတဲ့ အိမ် ဘက်ကနေ စခန်းဘက်ကို ကူးလာတာ။ နှစ်ခန်းတွဲတစ်ဆောင် မီးလောင်သွားတယ်။ စတိုက်တာကတော့ (၉) နာရီ (၅) မိနစ်လောက်ကနေ အပြန်အလှန် ပစ်ခတ်တာ။ ဒရော့ဗုံးချနေတာကတော့ မနက်လင်းကတည်းက ချနေတာ။ ပြီးတော့ ဒီနေ့မနက်ဝင်လုံးရင်းနဲ့ စခန်းရှေ့မှာ ဘုန်းကြီးကျောင်း သုံးကျောင်းရှိတယ်။ အဲထဲက ရွှေကျောင်းကို မီးရှို့သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်တွင် ကနီမြို့ပေါ်သို့ Mi-35 ရောက်ရှိနေကြောင်းနှင့် PDF အဖွဲ့ဝင်များသည် လေယာဉ်လာချိန် တွင် ပုန်းအောင်းနေပြီး လေယာဉ်ပြန်သွားချိန် ပြန်လည်တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“အခုအခြေအနေကတော့ 35 လာလို့ သူတို့ ပုန်းနေပါတယ်။ သူတို့က ခဏဝင်လုံး လိုက်တယ်။ 35 တက်လာ တာကို သူတို့က သိတယ်။ သိတာနဲ့ ပုန်းတယ်။ ခု 35 ဝဲနေတဲ့ အချိန်ကျ သူတို့က ငြိမ်နေတယ်။ 35 ပြန် သွားပြီဆို သူတို့က တစ်ခါပြန်လာတယ်။ အဲလိုလုပ်နေတာ။ တိုက်ပွဲစဖြစ်တဲ့ အချိန်က လှမ်းအကြောင်း ကြား တော့ လေယာဉ်ကတော့ ချက်ချင်းလာတယ်။ လာတာတော့ကြာနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ကနီမြို့ကို ဒေသခံ PDF များအပြင် KIA၊ AA၊ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ မတ်လ (၂) ရက်မှ စတင်ကာ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆားလင်းကြီး၊ ယင်းမာပင် စသည့်နေရာများမှ PDF အဖွဲ့ ဝင်များပါ လာရောက်ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

 

#PeopleMedia


Share this post