• Follow Us on
Latest News

Home ကနီမြို့နယ်တွင် PDF အလောင်း နှစ်လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကနီမြို့နယ်တွင် PDF အလောင်း နှစ်လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ရှမ်းမြောင်းကျေးရွာတွင် PDF အလောင်းနှစ်လောင်းနှင့် လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ (၁၀) ရက် နေ့လယ် (၂) နာရီခွဲခန့်တွင် ရှမ်းမြောင်းကျေးရွာအား အခြေပြုကာ ခိုအောင်းနေသည့် PDF အဖွဲ့ဝင်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့သည်။

 

ထိုသို့ သွားရောက်ရှင်းလင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်နှစ်ဦး သေဆုံး သွားပြီး ၎င်းတို့ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

 

သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ အမ်အေ – ၁ သေနတ် (၁)လက်၊ အမ် -၂၂သေနတ် (၁)လက်၊ အမ်အေကျည်အိမ် (၂)ခု၊ အမ် – ၂၂ ကျည်အိမ် (၅)ခု၊ အမ် – ၄ ကျည်အိမ် (၂)ခု၊ ၅.၅၆ မမကျည် (၃၅၀) တောင့်၊ အမ် – ၂၂ ကျည် (၃၂၀)တောင့်တို့ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post