ကနီမြို့နယ်၊ မုဌောအရှေ့ရွာရှိ စစ်သွေးကြွ KIA/PDF ထောက်ပို့စခန်းကို လေကြောင်းနဲ့ ရှင်းလင်း

PUBLISHED - February 18, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မုဌောအရှေ့ကျေးရွာရှိ စစ်သွေးကြွ KIA/PDF ထောက်ပို့စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းလိုက်သည်။
ဖေဖော်ဝါရီလ (၁၇)ရက် မွန်းလွဲ (၁)နာရီ (၂၀)မိနစ်ခန့်နှင့် ညနေ (၅)နာရီ (၁၅)မိနစ်ခန့်တွင် မုဌောအရှေ့ကျေးရွာရှိ စစ်သွေးကြွ KIA/PDF ထောက်ပို့စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် မုဌောအရှေ့ကျေးရွာ ဆိပ်ကမ်းရှိ စစ်သွေးကြွ KIA/PDF အဖွဲ့ဝင်များ၏ ထောက်ပို့ကားများနှင့် ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင် အများအပြားလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ကနီမြို့နယ်၊ မုဌောအရှေ့ကျေးရွာသည် ကနီမြို့နှင့် မုံရွာမြို့ကြား ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိပြီး ကနီမြို့၏ အနီးတွင် တည်ရှိသည့်ကျေးရွာဖြစ်သည်။
#PeopleMedia