ကနီမြို့နယ်၌ လုံခြုံရေးအဖွဲ့နှင့် ကနီ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF အဖွဲ့ဝင် ၃ ဦး(သေ)၊ ၁၀ ဦး ဒဏ်ရာရ

PUBLISHED - February 5, 2022
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၌ လုံခြုံရေးအဖွဲ့နှင့် ကနီ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ PDF အဖွဲ့ဝင် ၃ ဦး(သေ)၊ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနီ PDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ည ၁၀ နာရီ ၃၀ အချိန်က ကနီမြို့နယ်၊ ဝင်မနားနယ်မြေရဲစခန်းနှင့် ဝင်မနား အ.ထ.က ကျောင်း၌ လုံ ခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို KPDF-1၊ M&K The Boys၊ ဒီပဲယင်း PDF၊ ကနီ PDF၊ ရွှေတြိဂံတပ်ရင်း၊ မဟူရာနဂါးတပ်ရင်း ဒေသတွင်းမဟာမိတ် ညီနောင်များ၊ မဟာမိတ်ညီနောင် EAO များ၊ ဒေသ ခံ ပ.က.ဖအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပေါ်ခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် ပူးပေါင်း PDF အဖွဲ့ဘက်မှ သုံးဦး သေဆုံးခဲ့ပြီး ရဲဘော် (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ကနီ PDF အဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပြီး အဆိုပါ နေရာများကို လုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသည်။
#PeopleMedia #ကနီမြို့
(unicode)
…………………………………………………………..