• Follow Us on

Home ကနေဒါနိုင်ငံက ဒေါ်လာ ၂.၄၉ ဘီလျံတန်ကြေးရှိ MQ-9B ဒရုန်း ၁၁ စင်းဝယ်ယူသွားမည်

ကနေဒါနိုင်ငံက ဒေါ်လာ ၂.၄၉ ဘီလျံတန်ကြေးရှိ MQ-9B ဒရုန်း ၁၁ စင်းဝယ်ယူသွားမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀

 

ကနေဒါအစိုးရက ဒေါ်လာ ၂.၄၉ ဘီလျံသုံးစွဲပြီး ကနေဒါတပ်မတော်အတွက် အမေရိကန်အခြေစိုက် General Atomics ကုမ္ပဏီကထုတ်လုပ်တဲ့ MQ-9B ဒရုန်း ၁၁ စင်းဝယ်ယူသွားမှာဖြစ်ကြောင်း အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၉ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

ဂျက်တိုက်လေယာဉ်တစ်စင်းလောက်နီးပါး အရွယ်အစားကြီးမားပြီး တိုက်ခိုက်ရေးဒရုန်းအဖြစ်အသုံးပြုနိုင်တဲ့ MQ-9B မောင်းသူမဲ့လေယာဉ်တွေကို ကနေဒါနိုင်ငံ နိုဗာစကော့ရှာပြည်နယ် အမှတ် ၁၄ Wing Greenwood လေယာဉ်အုပ်နဲ့ ဗြိတိသျှကိုလမ်ဘီယာပြည်နယ်မှာရှိတဲ့ အမှတ် ၁၉ Wing Comox လေယာဉ်အုပ်တို့မှာတာ ဝန်ချထားမှာဖြစ်ပါတယ်။

 

အဲဒီ MQ-9B မောင်းသူမဲ့လေယာဉ်တွေကို ကနေဒါမြို့တော် ဥတ္တဝမြို့မှာရှိတဲ့ မြေပြင်ထိန်းချုပ်ရေးစခန်း ၆ ခု ကနေ ထိန်းချုပ်မောင်းနှင်သွားမှာဖြစ်ပါတယ်။

 

MQ-9B ဒရုန်းပထမအသုတ်ဟာ ၂၀၂၈ ခုနှစ်မှာ ရောက်ရှိလာမှာဖြစ်ပြီး စီမံချက်တစ်ခုလုံးပါ ဒရုန်းအားလုံးက တော့ ၂၀၃၃ ခုနှစ်မှာ စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်နိုင်မှာဖြစ်ကြောင်း ကနေဒါ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနကပြောပါတယ်။

 

အဲဒီ MQ-9B ဒရုန်းတွေဟာ ပြည်တွင်းကမ်းရိုးတန်းစောင့်ကြပ်ကြည့်ရှုဖို့ တာဝန်ထမ်းဆောင်သွားမှာဖြစ်သလို တောမီးလောင်ခြင်း/ ရေကြီးခြင်းတို့လို သဘာဝဘေးအန္တရာယ်ဖြစ်ရပ်တွေမှာလည်း အရပ်ဘက် အဖွဲ့အစည်း တွေကို ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်ပမှာတာဝန်ထမ်းဆောင်နေကြတဲ့ ကနေဒါတပ်ဖွဲ့ဝင်တွေနဲ့လည်း စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

ကနေဒါနိုင်ငံက MQ-9B ဒရုန်းတွေဝယ်ယူခွင့်ပြုဖို့ တောင်းဆိုထားတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က ခွင့်ပြုလိုက်တာနဲ့ ဝယ်ယူသွားမှာဖြစ်ကြောင်း စက်တင်ဘာလအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာ နက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ကနေဒါ ဝယ်ယူသွားမယ့်အထဲမှာ MQ-9B ဒရုန်းတွေအပြင် အဲဒီဒရုန်းတွေနဲ့ တွဲဖက်သုံးစွဲမယ့် လက်နက်စနစ် တွေဖြစ်တဲ့ Hellfire ဒုံးကျည် ၂၁၉ စင်းနဲ့ Mk82 ပေါင် ၅၀၀ ဗုံး ၁၂ လုံးလည်း ပါရှိပါတယ်။

 

ကနေဒါလေပိုင်နက်ထဲမှာ စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်နေစဉ်အတွင်း အဲဒီဒရုန်းတွေဟာ ဒုံး/ဗုံး လက် နက်တွေအမြဲတမ်းချိတ်ဆွဲတပ်ဆင်ထားမှာတော့ မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အခုလိုဒရုန်းတွေပိုင်ဆိုင်လာတာဟာ ပြည်တွင်းတာဝန်များထမ်းဆောင်ရာမှာ မြင့်တက်လာတဲ့လိုအပ်ချက်တွေ ကို ဖြည့်ဆည်းနိုင်ဖို့အပြင် တဖြည်းဖြည်းကြီးထွားလာတဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို တုံ့ပြန်ရင်ဆိုင်ဖို့ အသင့်ပြင် ဆင်ထားတဲ့ ခေတ်မီပြီး စိန်ခေါ်မှုအသစ်တွေကို ပြောင်းလွယ်ပြင်လွယ်ရင်ဆိုင်နိုင်စွမ်းရှိတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာရေးအတွက် အထောက်အကူပြုသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘေးဘလဲယ်က အင်္ဂါနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

 

ဒေါ်လာ ၂.၄၉ ဘီလျံ တန်ကြေးရှိ စစ်လက်နက်ပစ္စည်းဝယ်ယူရေးစာချုပ်ထဲမှာ MQ-9B ဒရုန်း ၁၁ စင်း၊ Hellfire ဒုံးကျည် ၂၁၉ စင်းနဲ့ Mk82 ပေါင် ၅၀၀ ဗုံး ၁၂ လုံးအပြင် မြေပြင်ထိန်းချုပ်ရေးစခန်း ၆ ခု၊ လေယာဉ်သိုလှောင်ရုံ ၂ ခု၊ လေ့ကျင့်သင်ကြားမှုများနဲ့ ပြုပြင်ထိန်းသိမ်းရေးကိရိယာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

အမှတ် ၁၄ Wing Greenwood လေယာဉ်အုပ်မှာ ဒရုန်းတပ်ဖွဲ့ဝင် ၅၅ ဦး၊ အမှတ် ၁၉ Wing Comox လေ ယာဉ်အုပ်မှာ တပ်ဖွဲ့ဝင် ၂၅ ဦးနဲ့ ဥတ္တဝမြို့မှာရှိတဲ့ ပင်မမြေပြင်ထိန်းချုပ်ရေးစင်တာမှာ တပ်ဖွဲ့ဝင် ၁၆၀ ကို တာ ဝန်ချသွားမှာဖြစ်သလို ကနေဒါမြောက်ပိုင်းမှာရှိတဲ့ တပ်စခန်းတွေမှာလည်း လိုအပ်သလို ထပ်မံတပ်ဖြန့်ချသွား မှာဖြစ်ပါတယ်။

 

တောင်ပံနှစ်ဖက်ထိပ်အကွာအဝေး ၂၄ မီတာ (၇၈ ပေကျော်) ရှိတဲ့ MQ-9B ဒရုန်းဟာ တစ်ဆက်တည်း ၂၈ နာရီကြာ ပျံသန်းနိုင်သလို အကွာအဝေး ကီလိုမီတာ ၇၂၀၀ (၄၄၇၃ မိုင်ကျော်) ပျံသန်းနိုင်ပြီး တစ်နာရီကို ကီလို မီတာ ၃၉၀ (၂၄၂ မိုင်ကျော်) ပျံသန်းနိုင်ပါတယ်။

 

General Atomics ကုမ္ပဏီနဲ့ MQ-9B ဒရုန်းဝယ်ယူရေး စာချုပ်ချုပ်ဆိုလိုက်တဲ့အတွက် ၉ နှစ်ကာလအတွင်းမှာ ကနေဒါစက်မှုလုပ်ငန်းအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၀၀ နီးပါး ဖန်တီးပေးနိုင်ပြီး တစ်နှစ်ကို ကနေဒါနိုင် ငံရဲ့ GDP ထဲမှာ ဒေါ်လာ ၉၇ သန်း ဝင်ရောက်လာမှာဖြစ်တယ်လို့ ကနေဒါအရာရှိတွေက ပြောပါတယ်။

 

Ref: Canadian military to spend $2.5 billion on armed drones

 

#PeopleMedia


Share this post