ကနေဒါမှာ နည်းပညာကုမ္ပဏီတွေက သတင်းတွေကို ပိတ်တော့မှာဖြစ်လို့ လူမှုကွန်ရက်သုံးစွဲသူတွေ သတင်း တွေဖတ်ရှုမျှဝေဖို့ နည်းလမ်းတွေရှာဖွေနေ

PUBLISHED - September 26, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆
Meta ကုမ္ပဏီနဲ့ တခြားလူမှုကွန်ရက်ကုမ္ပဏီတွေဟာ ကနေဒါနိုင်ငံရဲ့ အွန်လိုင်းသတင်းအက်ဥပဒေ အသက် ဝင်လာမယ့်အချိန်အတွက် ပြင်ဆင်နေပြီမို့ ကနေဒါနိုင်ငံက အင်စတာဂရမ်သုံးစွဲသူတချို့ဟာ ကန့်သတ်ထားတဲ့ သတင်းအကောင့်တွေကို ဘယ်လိုသုံးစွဲရမလဲဆိုတာ နည်းလမ်းတွေရှာဖွေလျက်ရှိပါတယ်။
ကနေဒါနိုင်ငံမှာ သတင်းတွေကြည့်တာနဲ့ မျှဝေတာကိုဆောင်ရွက်နေတဲ့ လူမှုကွန်ရက်သုံးစွဲသူတချို့နဲ့ ထုတ် လုပ်သူတချို့ကို ကန့်သတ်ဖို့ ဇွန်လအတွင်းက စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြောင်း အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် တို့ကိုပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီက ပြောပါတယ်။ အဲဒီစမ်းသပ်မှုဟာ ကနေဒါနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူ ငါးရာခိုင်နှုန်းအပေါ် အကျိုးသက်ရောက်မှုရှိမှာဖြစ်ကြောင်း Meta ကုမ္ပဏီက ပြောပါတယ်။
ဖက်ဒရယ်အစိုးရရဲ့ “အွန်လိုင်းသတင်းအက်ဥပဒေ” ကို လူမှုကွန်ရက် ကုမ္ပဏီတွေက ဘာ့ကြောင့်ဆန့်ကျင်နေ ကြတာလဲဆိုတာနဲ့ အစိုးရနဲ့ အဲဒီကုမ္ပဏီတွေကြားက ပွတ်တိုက်မှုက ၎င်းတို့အပေါ်ဘယ်လိုအကျိုးသက်ရောက် မှုရှိနေလဲဆိုတာကို ကနေဒါလူမှုကွန်ရက်သုံးစွဲသူတွေက သိချင်နေကြပါတယ်။
ကနေဒါအစိုးရပြဋ္ဌာန်းလိုက်တဲ့ Bill C-18 လို့ခေါ်တဲ့ အွန်လိုင်းသတင်းအက်ဥပဒေအရ Google နဲ့ Meta ကုမ္ပဏီ တို့လို နည်းပညာကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ ပေ့ဂျ်တွေမှာ သတင်းတွေကို မျှဝေမယ်ဆိုရင် အဲဒီသတင်းဌာနတွေ ကို လျော်ကြေးပေးရမှာဖြစ်ပါတယ်။
အဲဒီဥပဒေကို ဇွန်လ ၂၂ ရက်နေ့မှာ လွှတ်တော်ကသဘောတူညီခဲ့ပြီး သေဘာတူညီခဲ့တဲ့ရက်ကစပြီး ရက်ပေါင်း ၁၈၀ ထက်နောက်မကျစေဘဲ အကျိုးသက်ရောက်မှုရှိရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။
Google နဲ့ Meta ကုမ္ပဏီအပါအဝင် ဝေဖန်သူတွေက Bill C-18 ဥပဒေဟာ နည်းပညာကုမ္ပဏီတွေက သတင်း ဌာနတွေကိုထောက်ပံ့ထားတဲ့ လွတ်လပ်တဲ့ဈေးကွက်ကို အသိအမှတ်မပြုဘဲ တရားမျှတမှုမရှိကြောင်း၊ အလုပ်မ ဖြစ်ကြောင်း၊ link တွေပေါ်မှာ အခွန်တစ်ခု ထပ်တိုးသွားကြောင်းပြောပါတယ်။
လူမှုကွန်ရက်သုံးစွဲသူတချို့ကို block လိုက်သလို Meta ကုမ္ပဏီဟာ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်စာ မျက်နှာတွေမှာ အဲဒီဥပဒေကို ဝေဖန်ပြီး ၎င်းတို့အနေနဲ့ ဘာ့ကြောင့် သတင်း link တွေကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ် ခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်တဲ့ ကြော်ငြာကမ်ပိန်းတစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
“အွန်လိုင်းသတင်းအက်ဥပဒေဟာ ကျွန်တော်တို့ပလက်ဖောင်းတွေပေါ်မှာ မျှဝေထားတဲ့ သတင်းတွေက တရား မျှတမှုမရှိတဲ့နည်းလမ်းနဲ့ အကျိုးကျေးဇူးရရှိနေတဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေက မမှန်ကန်တဲ့အကြောင်းပြချက် တွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာနဲ့ကြုံရတာကတော့ အမှန်ပဲဖြစ်ပါတယ်။” လို့ Meta ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီဆာလဗန်းချူးအားက ပြောပါတယ်။
“သတင်းဌာနတွေဟာ ၎င်းတို့ပရိသတ်တိုးပွားလာအောင် လူမှုကွန်ရက်တွေပေါ်မှာ သတင်းတွေကို ၎င်းတို့ဆန္ဒ အလျှောက်မျှဝေနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ထုတ်ပြန်လိုက်တဲ့ဥပဒေကို ကျွန်တော်တို့ လိုက်နာဖို့ တစ်ခုတည်းသောနည်းလမ်းက လာမယ့်သီတင်းပတ်တွေအတွင်းမျာ ကနေဒါမှာရှိတဲ့ ပြည်သူတွေ သတင်းတွေဖတ်ရှုခွင့်ရနေတာကို အဆုံးသတ်လိုက်ဖို့ပဲဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
Meta ကုမ္ပဏီရဲ့ဆောင်ရွက်မှုဟာ စိတ်ပျက်စရာဖြစ်ကြောင်း၊ ကနေဒါပြည်သူတွေကို ဒီနည်းဗျူဟာတွေနဲ့ ခြိမ်း ခြောက်လို့မရနိုင်ကြောင်း အမွေအနှစ်ဝန်ကြီး ပါဘလိုရော်ဒရိဂက်ဇ်က ပြောပါတယ်။
တပြိုင်တည်းမှာပဲ ယုံကြည်အားထားလောက်တဲ့သတင်းတွေ လိုအပ်နေတဲ့အချိန်မှာ Meta ကုမ္ပဏီရဲ့ ဆောင် ရွက်မှုဟာကနေဒါပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိုက် တာဖြစ်ကြောင်း ကနေဒါသတင်းမီဒီယာ အဖွဲ့ခေါင်းဆောင် ပေါလ်ဒီးဂန်က ပြောပါတယ်။
ဥပဒေကို လေးစားလိုက်နာဖို့အတွက် အခုနှစ်မကုန်ခင် ဥပဒေအသက်ဝင်မလာခင်မှာ ကနေဒါနိုင်ငံက သတင်း link တွေကို ၎င်းတို့အနေနဲ့ ဖယ်ရှားရတော့မှာဖြစ်ကြောင်း Google နဲ့ Meta ကုမ္ပဏီက ကြေညာပါတယ်။
အာဏာအပ်နှင်းထားတဲ့လုပ်ငန်းစဉ်ဆောင်ရွက်မှုဟာ အခုမှ စတင်နေတာဖြစ်တဲ့အတွက် Google နဲ့ Meta ကုမ္ပဏီတို့ဟာ ဥပဒေအရ အခုလိုလုပ်ဖို့ တာဝန်မရှိကြောင်း ပါဘလိုရော်ဒရိဂက်ဇ်က ပြောပါတယ်။
“Google နဲ့ Meta ကုမ္ပဏီတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အာဏာအပ်နှင်းထားတဲ့လုပ်ငန်းစဉ်ဆောင်ရွက်မှုကတစ် ဆင့် ဖြေရှင်းသွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ အသိပေးချင်ပါတယ်။ ဖေ့စ်ဘွတ်ခ်က သတင်းတွေဟာ လုံးဝ တန်ဖိုးမရှိဘူးလို့ ယုံကြည်ရင် စေ့စပ်ညှိနှိုင်းမှုစားပွဲမှာ အဲဒါကို ပြောဆိုနိုင်ပါတယ်။” လို့ တနင်္လာနေ့က ထုတ်ပြန်ချက်ထဲမှာ ရော်ဒရိဂက်ဇ်က ပြောပါတယ်။
Ref: Your questions about Meta and other social media giants blocking news in Canada, explained
#PeopleMedia