• Follow Us on

Home ကန့်ဘလူမြို့တွင် နွားကျောင်းသည့် အမျိုးသားတစ်ဦး ဒဏ်ရာရ

ကန့်ဘလူမြို့တွင် နွားကျောင်းသည့် အမျိုးသားတစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ဂါးထာကျေးရွာ၏ အနောက်မြောက်ဘက် ၄ ဖာလုံ ခန့်အကွာတွင် နွားကျောင်းသားတစ်ဦး PDF များထောင်ထားသည့် လက်လုပ်မိုင်းမှာ ပေါက်ကွဲ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ဂါးထာကျေးရွာတွင်နေသည့် အမျိုးသားတစ်ဦးမှာ ထိုကျေး ရွာနှင့် ၄ ဖာလုံခန့်အကွာရှိ နွားစားကျက်သို့ နွားကျောင်းသွားစဉ် PDF များထောင်ထားသည့် လက်လုပ်မိုင်းမှာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းပေါက်ကွဲမူကြောင့် အသက် (၄၇) နှစ်အရွယ် ဦးဖိုးဝေမှာ ညာဘက်ပေါင်၊ ညာဘက်ခြေသလုံးတို့တွင် မစိုးရိမ်ရသည့် ဒဏ်ရာရရှိ၍ ကန့်ဘလူပြည်သူ့ဆေးရုံတွင် ဆေးကုသမူခံယူနေကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့်နှစ်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် နွားကျောင်းသားများ နွားကျောင်း နေစဉ် မိုင်းပေါက်ကွဲ၍ သေဆုံးသူများရှိသလို နွားများကိုလည်း PDF များမှ ဖမ်းဆီးခေါ်ဆောင်သည့် ဖြစ်စဉ်များ လည်းရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post