ကန့်ဘလူမြို့တွင် ယာခင်းထဲ၌ အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ

PUBLISHED - December 11, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပေကုန်း (တ) ကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် ယာခင်းထဲ၌ ပေါင်းများရှင်းလင်းစဉ် PDF ထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲ၍ အမျိုး သားတစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၉ ရက် နံနက် ၆ နာရီကျော်တွင် ပေကုန်း(တ) ကျေးရွာတွင်နေသည့် ဇနီးမောင်နှံနှစ်ဦးမှာ ထို ကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ (ဒေသအခေါ်) ချပ်နီကြီးတောတိုက်သို့ နွားလှည်းဖြင့် ၎င်းပိုင်သည့် ယာခင်းသို့သွားရာ ထိုယာခင်းထဲတွင် ပေါင်းပင်များရှင်းလင်းနေစဉ်အတွင်း PDF များထောင်ထား သည့် မိုင်းမှာပေါက်ကွဲ၍ အမျိုးသားဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသည့် အမျိုးသားမှာ အသက်(၅၆) နှစ်အရွယ် ဦးချစ်ရွှေ၏ ညာဘက်ခြေသလုံးတွင်ကျိုးဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ခြေသလုံးတွင်မိုင်းစထိမှန်ဒဏ်ရာ ၃ ချက်၊ စုစုပေါင်းဒဏ်ရာ ၄ ချက်(စိုးရိမ်ရ) ရရှိပြီး ထိုအမျိုး သားကို ဒေသခံလူမှုကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia