• Follow Us on
Latest News

Home ကန့်ဘလူမြို့တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ပဲစင်းငုံစိုက်ခင်းတွင် အလုပ်လုပ်နေသည့် ပြည်သူ (၄) ဦး ဒဏ်ရာရ

ကန့်ဘလူမြို့တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ပဲစင်းငုံစိုက်ခင်းတွင် အလုပ်လုပ်နေသည့် ပြည်သူ (၄) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာအနီးတွင် PDF များ ထောင် ထားသည့် မိုင်းမှာပေါက်ကွဲ၍ ပဲစင်းငုံစိုက်ခင်းတွင် အလုပ်လုပ်နေသည့် ပြည်သူ (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် အင်ကြင်းစုကျေးရွာ၏ တောင်ဘက် (၂) မိုင်ခန့်အကွာရှိ ပဲစင်းငုံစိုက်ခင်းအတွင်း PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ထိုအခင်းထဲတွင် အလုပ်လုပ်နေသည့် ပြည်သူများဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းပေါက်ကွဲမှုကြောင့် အသက် (၁၆) နှစ်အရွယ် မောင်နေမျိုးကျော်၊ အသက် (၅၈) နှစ်အရွယ် ဦးအုန်းရွှေ၊ အသက် (၅၉) နှစ်အရွယ် ဒေါ်ခင်မြနှင့် အသက် (၆၅) နှစ်အရွယ် ဒေါ်တင်မြတို့မှာ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post