ကန့်ဘလူမြို့တွင် PDF များပစ်ခတ်သည့် ဗုံးမှာပေါက်၍ ကွမ်းခြံအလုပ်သမားတစ်ဦး ဒဏ်ရာရ
PUBLISHED - February 2, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့် အကွာတွင် PDF များပစ်ခတ်သည့် စိန်ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ကွမ်းခြံအလုပ်သမားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲ ၂ နာရီကျော်တွင် PDF များမှ ထန်းကုန်းကျေးရွာသို့ ဗုံးသီးပစ်ချတိုက်ခိုက်ရာ ထိုဗုံးမှာ အဆိုပါကျေးရွာရှိ ၁ မိုင်ခန့်အကွာ ကွမ်းခြံထဲသို့ ကျရောက်ပေါက်ကွဲရာ ထိုကွမ်းခြံထဲတွင် ရှိနေသည့် ပိုင်ရှင်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသည့် အမျိုးသားမှာ ထန်းကုန်းကျေးရွာတွင် နေထိုင်သည့် ဦးမျိုးကိုဖြစ်ပြီး ဗုံးစထိမှန်မှုကြောင့် မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia