• Follow Us on
Latest News

Home ကန့်ဘလူမြို့နယ်တွင် ကြံခုတ်နေသည့်ဒေသခံများအား PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူ ၆ ဦး သေဆုံး

ကန့်ဘလူမြို့နယ်တွင် ကြံခုတ်နေသည့်ဒေသခံများအား PDF များက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူ ၆ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီခန့် တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရလျှင်ရခြင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာသို့ သွား ရောက်ခဲ့ရာ ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်း မဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြံခုတ်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အား သေဆုံးလျက် တွေ့ရှိရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိနေ ကြောင်း တွေ့ရှိရကြောင်း သိရသည်။

 

သေဆုံးခဲ့ရသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး ကန့်ဘလူမြို့ရှိ နယ်မြေခံဆေးပေးခန်းသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post