• Follow Us on

Home ကန့်ဘလူမြို့နယ်တွင် စစ်သွေးကြွ အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံး

ကန့်ဘလူမြို့နယ်တွင် စစ်သွေးကြွ အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံး

Share this post

နေပြည်တော်၊ ဩဂုတ် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ယောကျေးရွာအတွင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် (၂)နှစ်အရွယ် ကလေးငယ် (၁)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးသွားကြောင်း သိရသည်။

 

ဩဂုတ်လ (၁၅)ရက် နံနက် (၆)နာရီခန့်က ကန့်ဘလူမြို့နယ်၊ ယောကျေးရွာအတွင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်လုပ်စိန်ပြောင်းများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်။

 

ယင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ယောကျေးရွာတွင် နေထိုင်သည့် ဒေါ်မာကြည် (၆၅နှစ်)၊ ဒေါ်လွမ်းပို (၄၂နှစ်)နှင့် ကလေးငယ်တစ်ဦးဖြစ်သည့် မောင်ဖိုးသင်္ကြန် (၂ နှစ် ၄ လ) တို့ သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post