• Follow Us on

Home ကန့်ဘလူမြို့နယ်တွင် PDF က Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံး

ကန့်ဘလူမြို့နယ်တွင် PDF က Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဩဂုတ် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအား PDF များက လက်လုပ်စိန်ပြောင်းများ၊ လက် နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး သေဆုံးပြီး ၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများက ယမန်နေ့နံနက် ၆ နာရီခွဲခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သ မားများထံမှ အလောင်းနှင့် ခဲယမ်းဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

 

PDF များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ် ပေါ်ခဲ့ပြီး ကျေးရွာအတွင်းရှိ အသက် ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့ ဒေသခံ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကာ ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းအတွင်းရှိ စာသင်ဆောင် အဆောက်အဦ ၂ လုံးမှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆက်လက်ဆေးဝါးကုသနိုင်ရေးအတွက် ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post