ကန်ကြီးထောင့်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးသည် PDF အဖွဲ့များနှင့် ပတ်သက်နေမှုကြောင့် ဖမ်းဆီးခံ ထားရ

PUBLISHED - September 20, 2021
ပုသိမ်၊ စက်တင်ဘာ ၂၀ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးတောင့်မြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးပြည့်စုံသည် PDF အဖွဲ့များနှင့် ပတ်သက်နေမှုကြောင့် ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
ဦးပြည့်စုံသည် ကန်ကြီးတောင့်မြို့နယ်ရှိ အစိုးရမှ ပေးထားသည့် နေအိမ်၌ ရှိနေစဉ် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဦးပြည်စုံ ဖမ်းဆီးခံထားရမှုဖြစ်စဉ်အပေါ် People Media မှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်လက်အတည်ပြုရန် မေးမြန်းလျက်ရှိသည်။
အလားတူ ကန်ကြီးထောင့်မြို့နယ်၌ သြဂုတ်လ ၂၉ ရက်နေ့၌ ကန်ကြီးတောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ် ပြည်ခိုဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးမောင်မောင်မြင့် လုပ်ကြံခံခဲ့ရသလို မြို့ပေါ်ရှိ အစိုးရ အဖွဲ့ရုံးများ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
Photo – ပုသိမ်တူဒေး
#PeopleMedia #ပုသိမ်မြို့ #အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(unicode)
………………………………………………………………