ကန်တာယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ဒဏ်ရာရ
PUBLISHED - December 5, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမပေါ်၊ ဟံသာဝတီအဝိုင်း၊ ယာဉ်ထိန်းရုံးအနီးတွင် ကန်တာယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကန်တာယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေး ဓာတ်တိုင်အား အရှိန်လွန်၍ ဝင်တိုက်မိသောကြောင့် ထိုကန်တာယာဉ်မှာ ပျက်စီးသွားပြီး၊ ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသူ ယာဉ်မောင်းအမျိုးသားမှာ ညာဘက်ခြေထောက်တွင်ကွဲရှဒဏ်ရာရရှိသောကြောင့် အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ ထိုအမျိုးသားကို ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia