• Follow Us on

Home ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်းဆဲလ်အဖြစ်စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မေလ ၂၅ ရက်တွင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ရွေ့လျားနိုင်သည်ကိုတွေ့ရှိရကြောင်း မိုးဇလထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်းဆဲလ်အဖြစ်စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မေလ ၂၅ ရက်တွင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ရွေ့လျားနိုင်သည်ကိုတွေ့ရှိရကြောင်း မိုးဇလထုတ်ပြန်

Share this post

နေပြည်တော်၊ မေ ၁၇

 

DMH-WRF Model ၏ မေလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ အချိန်ကို အခြေခံတွက်ထုတ် ထားသည့် ခန့်မှန်းချက်များအရ မေလ ၂၂ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေထုမငြိမ် မသက်မှုအခြေအနေစတင် ဖြစ်ပေါ်နိုင်ပြီး၊ မေလ ၂၃ ရက်နေ့ခန့်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာ နိုင်ကြောင်း၊ အဆိုလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး ကနဦးတွင် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ပြန်ကွေ့ကာ၊ မေလ ၂၇ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏ မေလ ၁၆ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ မေလ ၂၃ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမိုအား ကောင်းလာနိုင်ကာ မြောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ မေလ ၂၆ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတို့ အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ မေလ ၁၆ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ မေလ ၂၃ရက်နေ့ခန့်တွင် ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်းဆဲလ်အဖြစ် စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မြောက်ဘက်သို့ ရွေ့ လျားနိုင်ကာ၊ မေလ ၂၅ရက်နေ့ခန့်တွင် မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည် ရွေ့လျားနိုင်သည်ကို တွေ့ရှိရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

အိန္ဒိယနိုင်ငံ၊ Indian Monsoon Data မော်ဒယ်မှ မေလ ၁၆ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ မေလ ၂၃ ရက်နေ့ခန့်တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မြောက် ဘက်သို့ ရွေ့လျားနိုင်ကာ၊ မေလ ၂၅ ရက်နေ့ ခန့်တွင် မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ဒေသသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ယခုအချိန်တွင် လေဖိအားနည်းရပ်ဝန်း စတင်အစပျိုးခြင်းမရှိသေးပါ၍ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်း ချက်များအားလုံးသည် တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲ နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ သိရသည်။

 

#PeopleMedia


Share this post