• Follow Us on
Latest News

Home ကဘူးကျဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံသူများ အိမ်နီးချင်းနိုင်ငံများအတွက် စိုးရိမ်

ကဘူးကျဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံသူများ အိမ်နီးချင်းနိုင်ငံများအတွက် စိုးရိမ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇ (People Media)

 

တာလီဘန်များ ကဘူးမြို့တော်ကိုသိမ်းပိုက်လိုက်ခြင်းကြောင့် အာဖဂန်နစ္စတန်၏ အနာဂတ်အတွက်သာမက ဒေသတွင်းရှိ အခြားနိုင်ငံများအပေါ်ရိုက်ခတ်မှုနှင့် အခြားနိုင်ငံများ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု တို့ကိုလည်းစိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

 

အီရန်နှင့် အီရတ်တို့မှာ အာဖဂန်နစ္စတန်နှင့် နီးကပ်စွာတည်ရှိသောနိုင်ငံများဖြစ်ပြီး တာဂျစ်ကစ္စတန်၊ တာ့ခ်မင် နစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့မှာ အာဖဂန်နစ္စတန်၏ မြောက်ပိုင်းတွင်တည်ရှိသည်။ သို့သော် လတ်တလော ကာလ ငွေကြေးဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ချက်ချင်းအာရုံစိုက်ရမည့်နိုင်ငံမှာ အရှေ့ဘက်တွင်ရှိသော အိမ်နီးချင်း ပါကစ္စတန်နိုင်ငံဖြစ်သည်။

 

ကြွေးမြီထူပြောနေသော ပါကစ္စတန်သည် အတော်အတန်ကြီးမားသောရှယ်ယာဈေးကွက်တည်ရှိပြီး ယင်းဈေး ကွက်မှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ အမေရိကန်ဒေါ်လာ ၆ ဘီလျံတန်ဖိုးအပေါ်မှီခိုနေရသည်။ အကြမ်းဖက်မှုများနှင့် ဒုက္ခသည်များ နှစ်ပေါင်းများစွာတည်ရှိမည့်အလားအလာမှာ ပါကစ္စတန်နိုင်ငံ၏ ဘဏ္ဍာ ရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်အတွက် ဖိအားအဖြစ်ထပ်မံဝင်ရောက်လာနိုင်မည်ဖြစ်သည်။

 

“တကယ့်ကို ဒုက္ခပေးမယ့်အခြေအနေပါပဲဗျာ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ကျွန်တော်တို့ဒေသကို ခေတ် နောက်ပြန်ဆွဲသွားတော့မယ် အခြေအနေပါပဲ။ လာမည့်လတွေ၊ နှစ်တွေမှာ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒုက္ခ သည်တွေစုပြုံဝင်ရောက်လာတာကို ကိုင်တွယ်ထိန်းသိမ်းကြရတော့မှာလို့ ကျွန်တော်ထင်ပါတယ်။” ဟု အလိုင်း ရင့်စ်ဘန်းစတိုင်းမှ emerging market debt အကြီးအကဲ ရှမိုင်လာခန်းကပြောသည်။

 

ယခုနှစ်အတွင်း အာဖဂန်လူမျိုး ၄၀၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြကြောင်း ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ပြောသည်။ ရွှေ့ပြောင်းသွားလာကြသူများအနက် လူ ဦးရေ ရာဂဏန်း လောက်ကိုသာ ထွက်ပြေးသွားကြမှန်းသိထားကြကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် အာဖဂန်ဒုက္ခသည် ၂. ၆ သန်းခန့် ရှိကြောင်း၊ ၎င်းတို့အနက် ၁.၄ သန်းမှာ ပါကစ္စတန်နိုင်ငံတွင်ရှိပြီး ၁ သန်းမှာ အီရန်နိုင်ငံတွင်ရှိကြောင်း UNHCR ကတွက်ချက်ဖော်ပြထားသည်။

 

ပါကစ္စတန်ငွေချေးစာချုပ်တန်ဖိုးများမှာ ယခုနှစ်အတွင်း ၈% အထိ ထိုးကျခဲ့သည်။ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်အ တွင်း ပါကစ္စတန်လူမျိုး ၁၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း တောင်အာရှအကြမ်းဖက်မှုလေ့လာရေးဝက်ဆိုက်မှ ဖော်ပြချက်အရသိရသည်။

 

“တခြား ဒုက္ခသည်တွေအစုလိုက်အပြုံလိုက်ဝင်လာမှုနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေပြန့်ပွားလာမှုက မြို့ပြဒေ သနဲ့ အခြေခံအဆောက်အဦတွေကို မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်လာခဲ့တယ်။” ဟု တယ်လီမာ သုတေသန ကုမ္ပဏီမှ ဟက်စ်နင်း မလိခ်ကပြောသည်။

 

Ref: Taliban takes over Kabul, investors worry about the neighbourhood

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref: Taliban takes over Kabul, investors worry about the neighbourhood

 

#PeopleMedia


Share this post