• Follow Us on

Home ကဘူးလေဆိပ်ကို ထိန်းချုပ်ထားသော်လည်း လေကြောင်းလိုင်းစီမံခန့်ခွဲရေး တာလီဘန်များအခက်တွေ့နေ 

ကဘူးလေဆိပ်ကို ထိန်းချုပ်ထားသော်လည်း လေကြောင်းလိုင်းစီမံခန့်ခွဲရေး တာလီဘန်များအခက်တွေ့နေ 

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁ (People Media)

အမေရိကန်တပ်များဆုတ်ခွာသွားပြီး ကဘူးလေဆိပ်ကို တာလီဘန်များထိန်းချုပ်ခဲ့ပြီးနောက် သယ်ယူပို့ဆောင် ရေးဗဟိုချက်ဖြစ်သည့် ကဘူးလေဆိပ်စီမံခန့်ခွဲရေးကို တာလီဘန်များစဉ်းစားနေရသည်။

တာလီဘန်အဖွဲ့မှာ လေဆိပ်လုံခြုံရေးနှင့် လေဆိပ်လည်ပတ်လှုပ်ရှားနိုင်ရေးကိစ္စများနှင့် အလုပ်ရှုပ်နေကြောင်း၊ အနာဂတ်တွင် လေဆိပ်အသုံးပြုနိုင်ရေးအတွက် ကာတာ၊ တူရကီနိုင်ငံတို့နှင့် ဆွေးနွေးနေကြောင်း တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာမူဂျာဟစ်က ပြောသည်။

နောက်ဆုံးသတ်မှတ်ရက် သြဂုတ်လ ၃၁ ရက်နေ့နောက်ပိုင်းတွင် နိုင်ငံခြားတပ်ဖွဲ့များဆက်လက်တည် ရှိနေ သည်ကို လက်ခံမည်မဟုတ်ကြောင်း တာလီဘန်များက အကြိမ်ကြိမ်ပြောသည်။ “ကျွန်တော်တို့လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကိုထိန်းချုပ်နိုင်ပါတယ်။ ကဘူးလေဆိပ်လုံခြုံရေးနဲ့ စီမံခန့်ခွဲရေး အတွက် ဘယ်သူ့အကူအညီကိုမှ မလိုအပ်ပါဘူး။” ဟု တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဘီလယ်ကာရီမီက တနင်္လာ  နေ့ကAFP သတင်းဌာနကို ပြောသည်။

သို့သော် လေကြောင်းလိုင်းများပြန်လည်ဖွင့်လှစ်မည်ဆိုပါက နိုင်ငံခြားလုံခြုံရေးတပ်ဖွဲ့ဝင်များလိုအပ်မည်ဖြစ် သော်လည်း တာလီဘန်များကသဘောတူညီမှုမရှိသေးကြောင်း တောင်အာရှရေးရာကျွမ်းကျင်သူ မိုက်ကယ် ကူဂျယ်မန်းကပြောသည်။ “နိုင်ငံတကာလေကြောင်းလိုင်းတွေအတွက် အချက်ပေးဘဲလ်တွေအားလုံး လေဆိပ် ထဲမှာသုံးဖို့ အဆင်ပြေချောမွေ့ဦးမှာ မဟုတ်သေးဘူး။” ဟု ၎င်းကပြောသည်။

တာလီဘန်များအနေဖြင့် နိုင်ငံခြားအကူအညီများကို လက်ခံရန် ကာတာနိုင်ငံကတိုက်တွန်းနေကြောင်း ကာ တာနိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်မိုဟာမက်ဘင်အဗ္ဗဒူရာမန်က Financial Times သတင်းစာကိုပြောသည်။ “လေ ဆိပ်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဟာ လေဆိပ်ပြင်ပလုံခြုံရေးထက်ပိုပြီးတော့ အရေးကြီးတယ်ဆိုတာ ကို ကျွန်တော်တို့ တာလီဘန်တွေကို ကြိုးစားရှင်းပြနေပါတယ်။” ဟု ၎င်းကပြောသည်။

တာလီဘန်များက လေဆိပ်လုံခြုံရေးဆောင်ရွက်နေစဉ် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေကိစ္စများကို ကိုင် တွယ်ဆောင်ရွက်ပေးရန် တူရကီနိုင်ငံအား အကူအညီတောင်းခံထားပြီး တူရကီသမ္မတ အာဒိုဂန်က တာလီဘန် များ၏ကမ်းလှမ်းမှုကိုစဉ်းစားနေကြောင်းပြောသည်။

သို့သော် တာလီဘန်များက လေဆိပ်ကိုအပြည့်အဝထိန်းချုပ်ထားကြောင်း တောက်လျှောက်ပြောဆိုနေသဖြင့် သမ္မတအာဒိုဂန်မှာ စိတ်ဝင်စားမှုလျော့နည်းလာကြောင်းသိရသည်။ “သူတို့ကတော့ လေဆိပ်လုံခြုံရေးကို အ ပြည့်အဝယူထားတယ်လို့ပြောတာပဲ။ တကယ်လို့ နောက်ထပ်သွေးထွက်သံယိုမှုထပ်ဖြစ်တယ်ဆိုရင် ကျွန်တော် တို့က နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုရှင်းပြရမှာလဲ။” ဟု ၎င်းကပြောသည်။

လေဆိပ်တစ်ခု လည်ပတ်လှုပ်ရှားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ အလွန်ရှုပ်ထွေးပြီး ကျွမ်းကျင်ပညာရှင်များစွာ လိုအပ်သည်။ တာလီဘန်တို့က မိခင်တိုင်းပြည်တွင်ဆက်လက်နေထိုင်ရန် မေတ္တာရပ်ခံခဲ့သော်လည်း ကျွမ်းကျင် ပညာရှင်အမြောက်အများမှာ တိုင်းပြည်မှထွက်ခွာသွားကြပြီဖြစ်ပြီး တာလီဘန်တို့ထံတွင် ကျွမ်းကျင်ပညာရှင် အ လုံအလောက်ကျန်ခဲ့ခြင်းရှိမရှိ မသိရပေ။ ထို့အတူ မည်သည့်လေကြောင်းလိုင်းများက ကဘူးသို့ပြေးဆွဲရန် သ ဘောတူထားခြင်းရှိမရှိကိုလည်း မသိရပေ။ တာလီဘန်တို့က နိုင်ငံတကာလေကြောင်းလိုင်းများကို ဆက်လက် ဖွင့်လှစ်ပေးထားမည်ဟု တတွင်တွင်ပြောဆို နေသော်လည်း လုံခြုံရေးအာမခံချက်မရှိဘဲ မည်သည့်လေကြောင်း လိုင်းမှ ပျံသန်းပြေးဆွဲမည်မဟုတ်ပေ။

အမေရိကန်တပ်များအားလုံးဆုတ်ခွာသွားပြီးနောက် ကဘူးလေဆိပ်တွင် လေကြောင်းထိန်းချုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပြီဖြစ်ပြီး မည်သည့်ဝန်ထမ်းမှမရှိတော့ကြောင်း၊ အမေရိကန်အရပ်ဘက်လေကြောင်းလိုင်းများအား ကြိုတင်ခွင့်ပြုချက်မရဘဲ အာဖဂန်နစ္စတန်သို့ ပျံသန်းပြေးဆွဲခြင်းမပြုရန်အမိန့်ထုတ်ထားကြောင်း အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ကပြောသည်။

Ref: The Taliban now controls Kabul airport. How will it run it?

#PeopleMedia

(unicode)

ကဘူးလေဆိပ်ကို ထိန်းချုပ်ထားသော်လည်း လေကြောင်းလိုင်းစီမံခန့်ခွဲရေး တာလီဘန်များအခက်တွေ့နေ

…………………………………………………………………