PUBLISHED - August 11, 2020
ရန်ကုန်၊ သြဂုတ်လ ၁၁
ကမာရွတ်မြို့နယ်ရှိ ကွန်ဒိုတစ်ခုတွင် သြဂုတ် ၁၀ ရက် ညအချိန်ခန့်၌ လင်မယားနှစ်ဦးကို အနုကြမ်းဝင်စီးပြီး ဖုန်းနှင့် တက်ဘလက်တစ်လုံးယူဆောင်သွားကြောင်း ကမာရွတ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးတင်ဝင်းကပြောသည်။
#PeopleMedia #ကမာရွတ်
(unicode)
ကမာရွတ်မြို့နယ်ရှိ ကွန်ဒိုတစ်ခု၌ အနုကြမ်းဝင်စီးပြီး ဖုန်းနှင့် တက်ဘလက်ယူဆောင်သွား
…………………………………………………
ရန်ကုန်၊ ဩဂုတ်လ ၁၁
ကမာရွတ်မြို့နယ်ရှိ ကွန်ဒိုတစ်ခုတွင် ဩဂုတ် ၁၀ ရက် ညအချိန်ခန့်၌ လင်မယားနှစ်ဦးကို အနုကြမ်းဝင်စီးပြီး ဖုန်းနှင့် တက်ဘလက်တစ်လုံးယူဆောင်သွားကြောင်း ကမာရွတ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးတင်ဝင်းကပြောသည်။
“အဲဒီ ကွန်ဒိုမှာ အနုကြမ်းစီးခံရတယ်။ ဓါးပြတိုက်စားတဲ့လူတွေမဟုတ်ဘူးလို့တော့ ယူဆတယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီလူတွေဆီက တယ်လီဖုန်းနဲ့ တက်ဘလက်ဘဲယူသွားတယ်။ ကျန်တာဘာမှမယူဘူး။ သူတို့ အချင်းချင်းကြားထဲမှာ ပြဿနာတစ်စုံတစ်ရာတော့ရှိလိမ့်မယ်။ ရဲတပ်ဖွဲ့ကတော့ ဖြစ်ဖြစ်ချင်းရောက်တယ်။ လိုက်ဖမ်းတာတော့ မမီလိုက်ဘူး ကြားတယ်”လို့ ကမာရွတ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောသည်။
အဆိုပါအနုကြမ်းစီးခံမှု ဖြစ်စဉ်အပေါ် လက်တလော၌ ကမာရွတ်မြို့နယ်ရဲစခန်းတွင် ပုဒ်မ ၃ ခုဖြင့်အမှုဖွင့် ထားသည်။
“အမှုတော့ဖွင့်ထားတယ်။ ငွေတော့မပါဘူး။ လုသွားတာ။ ဖုန်းနဲ့တက်ဘလက်လေးပါပဲ’’ဟု ကမာရွတ်မြို့နယ်ရဲ စခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက people media သို့ပြောသည်။
Photo – yangon police (လုံခြုံရေးဆောင်ရွက်နေသော ရန်ကုန်တိုင်းရဲတပ်ဖွဲ့)
#PeopleMedia #ကမာရွတ်