ကမာရွတ်မြို့နယ်၌ တပ်မတော်သတင်းပေးဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
PUBLISHED - August 17, 2021
ရန်ကုန်၊ သြဂုတ် ၁၇ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်တွင် တပ်မတော်သတင်းပေးဟု စွပ်စွဲခံရသည့် ဦးတင် လှသည် ယနေ့ နံနက်ပိုင်း၌ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ကမာရွတ်မြို့နယ် နေထိုင်သူများထံမှ သိရပါတယ်။
သေဆုံးသူ ဦးတင်လှသည် တပ်မတော်ကို သတင်းပေးသည်ဟုစွပ်စွဲခံရသူ ဖြစ်ပါတယ်။
ယနေ့ နံနက်၌ အမည်မသိလူများမှ ဦးတင်လှ၏ နဖူးကို သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်ခဲ့ပါတယ်။
အဆိုပါအခင်းဖြစ်ပွားရာနေရာကို သိပ်မကြာခင်မှာဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်၍ လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိပါတယ်။
#PeopleMedia #တပ်မတော်သတင်းပေး
(unicode)
………………………………………………………