• Follow Us on
Latest News

Home ကမာရွတ်မြို့နယ် ဖုန်းဆိုင်တစ်ခု၌ အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရ

ကမာရွတ်မြို့နယ် ဖုန်းဆိုင်တစ်ခု၌ အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက် ဦးထွန်းလင်းခြံလမ်းရှိ ဖုန်းဆိုင်တစ်ခု၌ သြဂုတ်လ ၁၉ ရက် ည ၉ နာရီ ၄၀ မိနစ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

 

ကမာရွတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ဦးအောင်သက်ထွေး(၃၁)နှစ်သည် အမှတ်(၁) ရပ်ကွက် ဦးထွန်းလင်းခြံလမ်းရှိ ၎င်းပိုင် ဖိုးချစ် ဖုန်းရောင်း/ဝယ်ရေးဆိုင်ရှေ့၌ ရှိနေစဉ် အကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်သက်ထွေးတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိခဲ့၍ ဆေးကုသနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post