ကမာၻတ၀န္း တစ္ေန႔တာအတြင္း COVID-19 ကူးစက္မႈစံခ်ိန္တင္

PUBLISHED - September 14, 2020
လန္ဒန္၊ စက္တင္ဘာ ၁၄
ကမာၻတ၀န္း COVID-19 ကူးစက္မႈစံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး ၂၄ နာရီအတြင္း အတည္ျပဳလူနာ ၃၀၇၉၃၀ ေယာက္႐ွိခဲ့ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔(W.H.O)က တနဂၤေႏြေန႔တြင္အစီရင္ခံသည္။
အမ်ားဆံုးကူးစက္ခံရသည့္ေနရာမ်ားမွာ အိႏၵိယ၊ အေမရိကန္ျပည္ေထာင္စုႏွင့္ ဘရာဇီးႏိုင္ငံတို႔ျဖစ္ၿပီး ေသဆံုးသူ ၅၅၃၇ ေယာက္ျမင့္တက္ခဲ့သျဖင့္ ေသဆံုးသူစုစုေပါင္း ၉၁၇၄၁၇ ေယာက္႐ွိေနသည္။
အိႏၵိယတြင္ အတည္ျပဳလူနာ ၉၄၃၇၂ ေယာက္ထပ္တိုးခဲ့ၿပီး အေမရိကန္ျပည္ေထာင္စုတြင္ ၄၅၅၂၃ ေယာက္ႏွင့္ ဘရာဇီးတြင္ ၄၃၇၁၈ ေယာက္ထပ္တိုးခဲ့သည္။
ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း အိႏၵိယႏွင့္အေမရိကန္တြင္ ေသဆံုးသူ ၁၀၀၀ ေက်ာ္႐ွိခဲ့ၿပီး ဘရာဇီးႏိုင္ငံတြင္ ၈၇၄ ေယာက္ေသဆံုးခဲ့သည္။
စက္တင္ဘာ ၆ ရက္တြင္ တစ္ေန႔တာကူးစက္မႈစံခ်ိန္တင္ခဲ့ၿပီး ထိုေန႔တြင္ အတည္ျပဳလူနာ ၃၀၆၈၅၇ ေယာက္႐ွိခဲ့သည္။ တစ္ေန႔တာေသဆံုးမႈအမ်ားဆံုးစံခ်ိန္မွာ ဧၿပီ ၁၇ ရက္က ၁၂၄၃၀ ေယာက္ျဖစ္သည္။
ေန႔စဥ္ကူးစက္မႈအမ်ားဆံုးျဖင့္ အိႏၵိယႏိုင္ငံကစံခ်ိန္တင္ထားၿပီး ၿပီးခဲ့သည့္တစ္ပတ္တြင္ တစ္ေန႔အတြင္းကူးစက္မႈ ၉၇၅၇၀ ေယာက္႐ွိခဲ့သည္။
Ref : WHO reports record one-day increase in global COVID-19 cases, up more than 307,000
(unicode)
ကမ္ဘာတဝန်း တစ်နေ့တာအတွင်း COVID-19 ကူးစက်မှုစံချိန်တင်
……………………………………………….
လန်ဒန်၊ စက်တင်ဘာ ၁၄
ကမ္ဘာတဝန်း COVID-19 ကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့ပြီး ၂၄ နာရီအတွင်း အတည်ပြုလူနာ ၃၀၇၉၃၀ ယောက်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က တနင်္ဂနွေနေ့တွင်အစီရင်ခံသည်။
အများဆုံးကူးစက်ခံရသည့်နေရာများမှာ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံတို့ဖြစ်ပြီး သေဆုံးသူ ၅၅၃၇ ယောက်မြင့်တက်ခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၉၁၇၄၁၇ ယောက်ရှိနေသည်။
အိန္ဒိယတွင် အတည်ပြုလူနာ ၉၄၃၇၂ ယောက်ထပ်တိုးခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ၄၅၅၂၃ ယောက်နှင့် ဘရာဇီးတွင် ၄၃၇၁၈ ယောက်ထပ်တိုးခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနှင့်အမေရိကန်တွင် သေဆုံးသူ ၁၀၀၀ ကျော်ရှိခဲ့ပြီး ဘရာဇီးနိုင်ငံတွင် ၈၇၄ ယောက်သေဆုံးခဲ့သည်။
စက်တင်ဘာ ၆ ရက်တွင် တစ်နေ့တာကူးစက်မှုစံချိန်တင်ခဲ့ပြီး ထိုနေ့တွင် အတည်ပြုလူနာ ၃၀၆၈၅၇ ယောက်ရှိခဲ့သည်။ တစ်နေ့တာသေဆုံးမှုအများဆုံးစံချိန်မှာ ဧပြီ ၁၇ ရက်က ၁၂၄၃၀ ယောက်ဖြစ်သည်။
နေ့စဉ်ကူးစက်မှုအများဆုံးဖြင့် အိန္ဒိယနိုင်ငံကစံချိန်တင်ထားပြီး ပြီးခဲ့သည့်တစ်ပတ်တွင် တစ်နေ့အတွင်းကူးစက်မှု ၉၇၅၇၀ ယောက်ရှိခဲ့သည်။
Ref : WHO reports record one-day increase in global COVID-19 cases, up more than 307,000