• Follow Us on
Latest News

Home ကမာၻ႔က်န္းမာေရးအဖြဲ႕အႀကီးအကဲကို လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္ စြဲခ်က္တင္ရန္တိုက္တြန္း

ကမာၻ႔က်န္းမာေရးအဖြဲ႕အႀကီးအကဲကို လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္ စြဲခ်က္တင္ရန္တိုက္တြန္း

Share this post

နယူးေယာက္၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုအတြက္ အမည္စာရင္းတင္သြင္းခံခဲ့ရသည့္အေမရိကန္စီးပြားေရးပညာ႐ွင္ ေဒးဗစ္ စတိန္းမန္းက ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO အႀကီးအကဲ ေဒါက္တာ တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီရီးဆပ္စ္ကို လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္တရားစြဲရန္ တိုက္တြန္းလိုက္သည္။
 
နယ္သာလန္ႏိုင္ငံ၊ သယ္ေဟ့ဂ္ၿမိဳ႕႐ွိ ႏိုင္ငံတကာရာဇ၀တ္မႈဆိုင္ရာတရားရံုး(အိုင္စီစီ)သို႔တင္သြင္းသည့္ တိုင္ၾကားခ်က္တြင္ WHO အႀကီးအကဲသည္ ႏိုင္ငံသားမ်ားကိုသတ္ျဖတ္၊ ဥပေဒပအက်ဥ္းခ်ၿပီး ႏွိပ္စက္ခဲ့ေသာ အီသီယိုးပီးယားလံုၿခံဳေရးတပ္ဖြဲ႔မ်ားကိုၫႊန္ၾကားရာတြင္ပါ၀င္ခဲ့သည္ဟု အေမရိကန္စီးပြားေရးပညာ႐ွင္က စြပ္စြဲသည္။
 
၂၀၁၃ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အထိ အီသီယိုပီးယားလံုၿခံဳေရးဌာနမ်ားကိုထိန္းခ်ဳပ္ခဲ့သည့္အရာ႐ွိႀကီး ၃ ေယာက္ထဲတြင္ ေဒါက္တာ တက္ဒ႐ို႕စ္လည္းပါ၀င္သည္။
 
ၿပီးခဲ့သည့္ ၃ ႏွစ္တြင္ ေဒါက္တာတက္ဒ႐ို႕စ္က WHO ကို လႊဲေျပာင္းတာ၀န္ယူခဲ့ၿပီး အဖြဲ႔၏ ပထမဆံုး ေဆးပညာ ဆိုင္ရာအသိအမွတ္ျပဳမႈမ်ားမ႐ွိသည့္ေခါင္းေဆာင္ျဖစ္လာသည္။
 
အာဏာရၫႊန္႔ေပါင္းအဖြဲ႔၏အဓိကအဖြဲ႔၀င္အျဖစ္ သူ၏တီဂေရးျပည္သူ႔လြတ္ေျမာက္ေရးတပ္ဦးပါတီပါ၀င္ခဲ့စဥ္ ၂၀၀၅ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္အထိ အီသီယိုးပီးယားက်န္းမာေရး၀န္ႀကီးျဖစ္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္အထိ ႏိုင္ငံျခားေရး ၀န္ႀကီးအျဖစ္တာ၀န္ထမ္းေဆာင္ခဲ့သည္။
 
စတိန္းမန္း၏တိုင္ၾကားခ်က္တြင္ ေခတ္အဆက္ဆက္ အီသီယိုးပီးယားအရပ္သားအာဏာပိုင္မ်ားက လံုၿခံဳ ေရးတပ္ဖြဲ႕မ်ားကို မထိန္းခ်ဳပ္ႏိုင္ေၾကာင္း ၂၀၁၆ ခုႏွစ္က အေမရိကန္အစိုးရ၏ အီသီယိုးပီးယားႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရအေျခအေနအစီရင္ခံစာကို ေထာက္ျပခဲ့ၿပီး ေက်း႐ြာမ်ားမွရဲတပ္ဖြဲ႕မ်ားႏွင့္ ေဒသအလိုက္အရံ တပ္ဖြဲ႔မ်ားက တခါတရံတြင္ သီးျခားလုပ္ငန္းလည္ပတ္သည္ဟုလည္းေျပာသည္။
 
အေမရိကန္အစီရင္ခံစာတြင္ အျခားအေထာက္အထားျပထားသည့္မႈခင္းမ်ားလည္းပါ၀င္ေၾကာင္း ျဖည့္စြက္ ေျပာဆိုၿပီး ေဒါက္တာတက္ဒ႐ို႕စ္သည္ အတိုက္အခံကိုယ္စားလွယ္မ်ားႏွင့္ ေထာက္ခံသူမ်ားအေယာင္ ေဆာင္ရာတြင္ပါ၀င္ခဲ့ေၾကာင္းလည္း စြပ္စြဲသည္။
 
Ref : WHO chief may face genocide charges
 
#PeopleMedia
 
(unicode)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွဲချက်တင်ရန်တိုက်တွန်း
……………………………………………..
 
နယူးယောက်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရသည့်အမေရိကန်စီးပွားရေးပညာရှင် ဒေးဗစ် စတိန်းမန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီရီးဆပ်စ်ကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့်တရားစွဲရန် တိုက်တွန်းလိုက်သည်။
 
နယ်သာလန်နိုင်ငံ၊ သယ်ဟေ့ဂ်မြို့ရှိ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)သို့တင်သွင်းသည့် တိုင်ကြားချက်တွင် WHO အကြီးအကဲသည် နိုင်ငံသားများကိုသတ်ဖြတ်၊ ဥပဒေပအကျဉ်းချပြီး နှိပ်စက်ခဲ့သော အီသီယိုးပီးယားလုံခြုံရေးတပ်ဖွဲ့များကိုညွှန်ကြားရာတွင်ပါဝင်ခဲ့သည်ဟု အမေရိကန်စီးပွားရေးပညာရှင်က စွပ်စွဲသည်။
 
၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အီသီယိုပီးယားလုံခြုံရေးဌာနများကိုထိန်းချုပ်ခဲ့သည့်အရာရှိကြီး ၃ ယောက်ထဲတွင် ဒေါက်တာ တက်ဒရို့စ်လည်းပါဝင်သည်။
 
ပြီးခဲ့သည့် ၃ နှစ်တွင် ဒေါက်တာတက်ဒရို့စ်က WHO ကို လွှဲပြောင်းတာဝန်ယူခဲ့ပြီး အဖွဲ့၏ ပထမဆုံး ဆေးပညာ ဆိုင်ရာအသိအမှတ်ပြုမှုများမရှိသည့်ခေါင်းဆောင်ဖြစ်လာသည်။
 
အာဏာရညွှန့်ပေါင်းအဖွဲ့၏အဓိကအဖွဲ့ဝင်အဖြစ် သူ၏တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦးပါတီပါဝင်ခဲ့စဉ် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အီသီယိုးပီးယားကျန်းမာရေးဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ နိုင်ငံခြားရေး ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
 
စတိန်းမန်း၏တိုင်ကြားချက်တွင် ခေတ်အဆက်ဆက် အီသီယိုးပီးယားအရပ်သားအာဏာပိုင်များက လုံခြုံ ရေးတပ်ဖွဲ့များကို မထိန်းချုပ်နိုင်ကြောင်း ၂၀၁၆ ခုနှစ်က အမေရိကန်အစိုးရ၏ အီသီယိုးပီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေအခြေအနေအစီရင်ခံစာကို ထောက်ပြခဲ့ပြီး ကျေးရွာများမှရဲတပ်ဖွဲ့များနှင့် ဒေသအလိုက်အရံ တပ်ဖွဲ့များက တခါတရံတွင် သီးခြားလုပ်ငန်းလည်ပတ်သည်ဟုလည်းပြောသည်။
 
အမေရိကန်အစီရင်ခံစာတွင် အခြားအထောက်အထားပြထားသည့်မှုခင်းများလည်းပါဝင်ကြောင်း ဖြည့်စွက် ပြောဆိုပြီး ဒေါက်တာတက်ဒရို့စ်သည် အတိုက်အခံကိုယ်စားလှယ်များနှင့် ထောက်ခံသူများအယောင် ဆောင်ရာတွင်ပါဝင်ခဲ့ကြောင်းလည်း စွပ်စွဲသည်။
 
Ref : WHO chief may face genocide charges
 
#PeopleMedia

Share this post