• Follow Us on

Home ကမာၻ႔အဆင္းရဲဆံုးႏိုင္ငံမ်ားအတြက္ ကာကြယ္ေဆးမရဘဲခ်န္ထားရမည္မဟုတ္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႔ေျပာ

ကမာၻ႔အဆင္းရဲဆံုးႏိုင္ငံမ်ားအတြက္ ကာကြယ္ေဆးမရဘဲခ်န္ထားရမည္မဟုတ္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႔ေျပာ

Share this post

ဂ်ီနီဗာ၊ ႏို၀င္ဘာ ၂၄
ကမာၻအဆင္းရဲဆံုးႏွင့္အထိခိုက္လြယ္ဆံုးေသာႏိုင္ငံကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးရရန္ခ်န္ထားရမည္မ ဟုတ္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႔(WHO)အႀကီးအကဲကသတိေပးသည္။
ေအာင္ျမင္ေသာကာကြယ္ေဆးမ်ားကို မွ်တစြာေ၀မွ်ရမည္ျဖစ္ေၾကာင္းႏွင့္ ေ၀မွ်ရန္အစီအစဥ္ကို ေငြေၾကး ေထာက္ပံ့ရန္ ေဒၚလာသန္း ၄၃၀၀ လိုအပ္ေၾကာင္း ေဒါက္တာ တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီရီး ဆက္စ္ကေျပာသည္။
လက္႐ွိအခ်ိန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၄ မ်ိဳး၏ေနာက္ဆံုးအဆင့္စမ္းသပ္မႈရလဒ္မ်ားတြင္ ရလဒ္ေကာင္းမ်ားထြက္ေနသည္။
ၿပီးခဲ့သည့္တပတ္တြင္ ၉၅ ရာခိုင္ႏႈန္းအထိအစြမ္းထက္ေသာ ဖီဇာႏွင့္ဘိုင္အိုအန္တက္ခ္ကုမၸဏီမ်ား၏ေဆးႏွင့္ မိုဒါးနားကုမၸဏီ၏ေဆး ရလဒ္မ်ားေၾကညာခဲ့ၿပီး တနလၤာေန႔တြင္ ေအာက္စဖို႔တကၠသိုလ္ႏွင့္ အက္စထရာဇီနီကာ ေဆးကုမၸဏီတို႔၏ ၉၀ ရာခိုင္ႏႈန္းအထိအစြမ္းထက္ႏိုင္ေသာကာကြယ္ေဆးရလဒ္ကိုေၾကညာခဲ့သည္။
ေအာက္စဖို႔ေဆးသည္ ပိုေစ်းသက္သာၿပီး အပူခ်ိန္လိုအပ္ခ်က္ပိုနည္းသျဖင့္ ယခင္ေဆး ၂ မ်ိဳးထက္ ဖြံ႔ၿဖိဳးဆဲႏိုင္ငံမ်ားထံေရာက္ႏိုင္ေခ်ပိုမ်ားသည္။
႐ု႐ွားႏိုင္ငံကထုတ္လုပ္ေနသည့္ စပြတ္ညစ္-၅ ကာကြယ္ေဆးသည္လည္း ေနာက္ဆံုးအဆင့္ ၃ စမ္းသပ္ခ်က္မ်ားတြင္ အေစာပိုင္းရလဒ္မ်ားေကာင္းေနသည္။
Ref : Covid: World’s poorest must not be ‘trampled’ in vaccine race – WHO
#PeopleMedia
(unicode)
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအတွက် ကာကွယ်ဆေးမရဘဲချန်ထားရမည်မဟုတ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော
………………………………………….
ဂျီနီဗာ၊ နိုဝင်ဘာ ၂၄
ကမ္ဘာအဆင်းရဲဆုံးနှင့်အထိခိုက်လွယ်ဆုံးသောနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရန်ချန်ထားရမည်မ ဟုတ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အကြီးအကဲကသတိပေးသည်။
အောင်မြင်သောကာကွယ်ဆေးများကို မျှတစွာဝေမျှရမည်ဖြစ်ကြောင်းနှင့် ဝေမျှရန်အစီအစဉ်ကို ငွေကြေး ထောက်ပံ့ရန် ဒေါ်လာသန်း ၄၃၀၀ လိုအပ်ကြောင်း ဒေါက်တာ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီရီး ဆက်စ်ကပြောသည်။
လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၄ မျိုး၏နောက်ဆုံးအဆင့်စမ်းသပ်မှုရလဒ်များတွင် ရလဒ်ကောင်းများထွက်နေသည်။
ပြီးခဲ့သည့်တပတ်တွင် ၉၅ ရာခိုင်နှုန်းအထိအစွမ်းထက်သော ဖီဇာနှင့်ဘိုင်အိုအန်တက်ခ်ကုမ္ပဏီများ၏ဆေးနှင့် မိုဒါးနားကုမ္ပဏီ၏ဆေး ရလဒ်များကြေညာခဲ့ပြီး တနင်္လာနေ့တွင် အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာ ဆေးကုမ္ပဏီတို့၏ ၉၀ ရာခိုင်နှုန်းအထိအစွမ်းထက်နိုင်သောကာကွယ်ဆေးရလဒ်ကိုကြေညာခဲ့သည်။
အောက်စဖို့ဆေးသည် ပိုစျေးသက်သာပြီး အပူချိန်လိုအပ်ချက်ပိုနည်းသဖြင့် ယခင်ဆေး ၂ မျိုးထက် ဖွံ့ဖြိုးဆဲနိုင်ငံများထံရောက်နိုင်ချေပိုများသည်။
ရုရှားနိုင်ငံကထုတ်လုပ်နေသည့် စပွတ်ညစ်-၅ ကာကွယ်ဆေးသည်လည်း နောက်ဆုံးအဆင့် ၃ စမ်းသပ်ချက်များတွင် အစောပိုင်းရလဒ်များကောင်းနေသည်။
Ref : Covid: World’s poorest must not be ‘trampled’ in vaccine race – WHO

Share this post