ကမ္ဘာတစ်ဝန်းက မူဆလင်တွေဆန္ဒပြကြပြီး အာရပ်အိမ်နီးချင်းနိုင်ငံတွေက အစ္စရေးကို ဝိုင်းဝန်းတိုက်ခိုက်ကြဖို့နဲ့ ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ ဟားမတ်စ်ခေါင်းဆောင်ဟောင်း ခါလစ်မက်ရှာတောင်းဆို
PUBLISHED - October 12, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၂
လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ ပါလက်စတိုင်းတွေကိုထောက်ခံတဲ့အနေနဲ့ ကမ္ဘာတစ်ဝန်းက မူလဆင်တွေ လာ မယ့်သောကြာနေ့မှာ ဆန္ဒပြကြဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေက မူဆလင်တွေက အစ္စရေးကို ဝိုင်းဝန်းတိုက်ခိုက်ကြဖို့ ဟားမတ်စ်ခေါင်းဆောင်ဟောင်း ခါလစ်မက်ရှာက တောင်းဆိုလိုက်ပါတယ်။
“သောကြာနေ့မှာ အာရပ်နိုင်ငံတွေက ကမ္ဘာပေါ်က အစ္စလာမ်မစ်နိုင်ငံတွေက လမ်းမတွေပေါ်ကိုထွက်ပြီး ကျွန် တော်တို့ ဦးဆောင်ဆန္ဒပြရမှာဖြစ်တယ်။” လို့ လက်ရှိအချိန်မှာ ဟားမတ်စ်အဖွဲ့ရဲ့အဝေးရောက်ပါလက်စတိုင်း လူမျိုးများရုံးကို ဦးဆောင်နေတဲ့ ခါလစ်မက်ရှာက ပြောပါတယ်။
ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်နဲ့ အီဂျစ်မှာရှိတဲ့ အစိုးရနဲ့ ပြည်သူတွေဟာ ပါလက်စတိုင်းတွေကိုထောက်ခံဖို့ ပို ပြီးတော့ တာဝန်ရှိကြောင်း ကာတာနိုင်ငံမှာ အခြေစိုက်နေထိုင်နေတဲ့ မက်ရှာက ပြောပါတယ်။
“ဂျော်ဒန်လူမျိုးနွယ်တွေ၊ ဂျော်ဒန်နိုင်ငံရဲ့ သားတွေ၊ ဂျော်ဒန်နိုင်ငံရဲ့ ညီအစ်ကို မောင်နှမတွေ ဆုံးဖြတ်ချက်ချဖို့ အချိန်ကျရောက်လာပြီ။ အဲဒီနယ်စပ်ဒေသတွေက ခင်ဗျားတို့နားလေးမှာပါပဲ။ ခင်ဗျားတို့တာဝန်ကို ခင်ဗျားတို့ အားလုံးသိဖို့လိုပါတယ်။” လို့ မက်ရှာက ပြောပါတယ်။
ဂျော်ဒန်နိုင်ငံနဲ့ လက်ဘနွန်နိုင်ငံတို့ဟာ ပါလက်စတိုင်းဒုက္ခသည်တွေ အရေအတွက်အများအပြား အဓိကခိုလှုံ တဲ့ နေရာတွေဖြစ်ပါတယ်။
အစ္စရေးဂျက်တိုက်လေယာဉ်တွေက တစ်ညတည်းမှာပဲ ဂါဇာမြို့က ပစ်မှတ် ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး နောက် ဟားမတ်စ်တွေကို မြေပြင်ထိုးစစ်တွေ အရှိန်မြှင့်တိုက်ခိုကဖို့အတွက် အစ္စရေးက သံန္နိဋ္ဌာန်ချလိုက်စဉ် အတွင်းမှာပဲ မက်ရှာရဲ့တိုက်ပွဲခေါ်သံထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လူဦးရေ ၉၅၀ ထက်မနည်းသေဆုံးသွားပြီဖြစ်ပြီး ၅၀၀၀ ဝန်းကျင်ဒဏ်ရာရထား ကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
စနေနေ့ (အောက်တိုဘာလ ၇ ရက်နေ့) က ဟားမတ်စ်စစ်သွေးကြလက်နက်ကိုင်အုပ်စုဟာ အစ္စရေးနိုင်ငံ တောင်ပိုင်းကို အလစ်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ အစ္စရေးသမိုင်းမှာ အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုဖြစ် တယ်လို့ ဆိုပါတယ်။
“ဂျီဟတ်အကြောင်းကို သင်ကြားပေးနေတဲ့ ပညာရှင်ဆရာတွေရော သင်ပေးနေတဲ့ဆရာတွေရော သင်ယူနေတဲ့ တပည့်တွေရော ပြောချင်တာကတော့ အခုအချိန်ဟာ သီအိုရီတွေကို လက်တွေ့အသုံးချရမယ့် အချိန်ကာလပဲ ဖြစ်ပါတယ်။” လို့ မက်ရှာက ပြောပါတယ်။
Ref: Former Hamas chief Khaled Meshaal calls for protests, neighbours to join war against Israel
#PeopleMedia