ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံးနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံ အဆင့် ၇၅ ရရှိ
PUBLISHED - June 17, 2024
နိုင်ငံတကာ၊ ဇွန် ၁၇
၂၀၂၄ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်း (GPI) အဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံး နိုင်ငံ တွေစာရင်းမှာ ထိုင်းနိုင်ငံဟာ အဆင့် ၁၁ ဆင့်ကျော်တက်ပြီး အမှတ်စဉ် ၇၅ ကို ရောက်ရှိလာပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်း (GPI) အဖွဲ့က ထိုင်းနိုင်ငံရဲ့ နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို စားပွဲဝိုင်း မှာ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဆစ်ဒနီမြို့အခြေစိုက် စီးပွားရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျူက ညွှန်းကိန်းအဖွဲ့ဟာ ကမ္ဘာ့လူဦးရေ ၉၉.၇% ကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၁၆၃ နိုင်ငံကို ဆန်းစစ်လေ့လာခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအဆင့်သတ်မှတ်ရာမှာ အဆိုပါအင်စတီကျုက ပညာရပ်နယ်ပယ်သုံးခုကို အသုံးပြုခဲ့ပြီး ထိုင်းနိုင်ငံ ဟာ ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းဘေးကင်းမှုနဲ့ လုံခြုံမှုတို့ရရှိထားပြီး ပြည်တွင်း/ပြည်ပ ပဋိပက္ခတွေကနေ လွတ်ကင်းနေကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံဟာ စစ်စည်းရုံးမှု၊ စစ်ရေးစွမ်းရည်၊ နည်းပညာနဲ့ တိုက်ပွဲဝင်အသင့်ဖြစ်မှုတို့မှာ အဆင့် ၂၀ နေရာကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံနို်င်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့ရဲ့အထက်မှာသာ ရှိနေတာဖြစ်ပါတယ်။
ဒေသတွင်း အငြိမ်းချမ်းဆုံးနိုင်ငံကတော့ စင်္ကာပူဖြစ်ပြီး စင်္ကာပူနောက်က မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီး ရှား၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ဖြစ်ပါတယ်။
ဆန်းစစ်လေ့လာမှုလုပ်ခဲ့တဲ့နိုင်ငံတွေထဲမှာ ဘရူနိုင်းနိုင်ငံ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံတွေထဲမှာ စင်္ကာပူဟာ ကမ္ဘာ့အဆင့် ၅ ရရှိထားပြီး မလေးရှားကတော့ အဆင့် ၁၀ ရရှိ ထားပါတယ်။
ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံးနိုင်ငံကတော့ ဥရောပတိုက်က အိုက်စလန်ဖြစ်ပြီး ငြိမ်းချမ်းမှုအနည်းဆုံးနိုင်ငံက တော့ ယီမင်ဖြစ်ပါတယ်။
ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံးဒေသကတော့ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိကဒေသတို့ ဖြစ်ပါ တယ်။
“ငြိမ်းချမ်းမှုအနည်းဆုံး ၁၀ နိုင်ငံထဲက ၄ နိုင်ငံထဲမှာ ဆူဒန်နဲ့ ယီမင်တို့ ပါဝင်ပါတယ်။” လို့ အစီရင်ခံစာမှာ ဖော် ပြထားပါတယ်။
နိုင်ငံပေါင်း ၉၂ နိုင်ငံရဲ့ နယ်နိမိတ်တွေကျော်လွန်ပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အရှိန်မြင့်တက်နေတဲ့အတွက် ကမ္ဘာကြီးကို ခြိမ်းခြောက်နေကြောင်း အဆိုပါအစီရင်ခံစာက သတိပေးထားပါတယ်။
Ref: Thailand jumps 11 to 75th place in Global Peace Index
#PeopleMedia