• Follow Us on
Latest News

Home ကမ္ဘာလှည့်ခရီးသည်တွေမကြိုက်တဲ့ ကန်တိုင်ပလာဟင်းကို အလွန်အရသာရှိကြောင်း ထိုင်းဝန်ကြီးချုပ်ချီးကျူး

ကမ္ဘာလှည့်ခရီးသည်တွေမကြိုက်တဲ့ ကန်တိုင်ပလာဟင်းကို အလွန်အရသာရှိကြောင်း ထိုင်းဝန်ကြီးချုပ်ချီးကျူး

Share this post

နိုင်ငံတကာ၊ ဧပြီ ၈

 

ဆူရတ်ဌာနီပြည်နယ် ကော့စမွေကျွန်းမှာ ဧပြီလ ၇ ရက်နေ့က နေ့လယ်စာသုံးဆောင်စဉ် ထိုင်းဝန်ကြီးချုပ် ဆ ရက်ထာထာဗီဆင်က ကန်တိုင်ပလာခေါ် ထိုင်းရိုးရာဟင်းကို ချီးကျူးပြောဆိုလိုက်ပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်ကြတဲ့ ထိုင်းတောင်ပိုင်းရဲ့ အထိမ်းအမှတ် ရိုးရာ ငါးအချဉ်ဟင်း ဖြစ်တဲ့ ကန်တိုင်ပလာဟင်းကို စားသုံးပြီးနောက် “အလွန်အရသာရှိပါပေတယ်။” လို့ ပြောဆိုရင်း ဝန်ကြီးချုပ်က လက်မထောင်ပြခဲ့ပါတယ်။

 

ထိုင်းရိုးရာ ကန်တိုင်ပလာဟင်းဟာ ကမ္ဘာ့အဆိုးရွားဆုံးဟင်းအဖြစ် သတ်မှတ်ခံရကြောင်း ခရိုအေးရှားအခြေ စိုက် TasteAtlas ဝက်ဆိုက်က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

 

၎င်းဝက်ဆိုက်ရဲ့ပရိသတ်တွေကဆုံးဖြတ်တဲ့ ကြေညာချက်ကို ထိုင်းလူမျိုးအများအပြားက လက်မခံဘဲ ကန်တိုင် ပလာဟင်းဟာ ထိုင်းတောင်ပိုင်းမှာ နာမည်ကျော်တဲ့ ဟင်းအစပ်ဖြစ်ပေမဲ့ နိုင်ငံခြားသားတွေက အဲဒီဟင်းကို စား နေကျမဟုတ်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

 

နိုင်ငံခြားသားတွေဟာ တခြားဟင်းအမျိုးအစားတွေကို ပိုမိုနှစ်သက်တဲ့အတွက် ကန်တိုင်ပလာဟင်းကို မနှစ် သက်တာဖြစ်နိုင်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

နိုင်ငံခြားသားတွေဟာ ထိုင်းဟင်းလျာအများအပြားကို ကြိုက်နှစ်သက်ကြကြောင်း၊ ထိုင်းလူမျိုးတွေအနေနဲ့ မိမိ တို့နှစ်သက်တဲ့ဟင်းလျာကို ကြိုက်နှစ်သက်ရမယ်လို့ နိုင်ငံခြားသားတွေကို ဖိအားပေးလို့မရနိုင်ကြောင်း ဆရက် ထာက ပြောပါတယ်။

 

“ဒါပေမဲ့ ကျွန်တော့်အကြိုက်ပြောရရင်တော့ ကန်တိုင်ပလာဟင်းဟာ အင်မတန်အရသာရှိတဲ့ ဟင်းပါဗျာ။” လို့ ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

ထိုင်းတောင်ပိုင်းကဟင်းလျာတွေ အထူးသဖြင့် ကန်တိုင်ပလာဟင်းရဲ့ တကယ့်အရသာအစစ်က အစပ်လျှော့ ထည့်တဲ့ ထိုင်းနိုင်ငံအလယ်ပိုင်းက ထိုင်းလူမျိုးတွေချက်တဲ့ ဟင်းလျာတွေထက် အစပ်ပိုများကြောင်း သိရပါ တယ်။

 

Ref: ‘It’s so delicious,’ Srettha praises Kaeng Tai Pla on Koh Samui

 

#PeopleMedia


Share this post