• Follow Us on

Home ကမ္ဘာလှည့်ခရီးသွားတွေလုံခြုံရေးအတွက် အစီအစဉ်သစ်တွေ ထိုင်းနိုင်ငံ စီစဉ်နေကြောင်း ဟောင်ကောင်အရာရှိပြော

ကမ္ဘာလှည့်ခရီးသွားတွေလုံခြုံရေးအတွက် အစီအစဉ်သစ်တွေ ထိုင်းနိုင်ငံ စီစဉ်နေကြောင်း ဟောင်ကောင်အရာရှိပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅

 

ထိုင်းနိုင်ငံကတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ တရားမဝင်အလုပ်တွေ လုပ်ကိုင်ဖို့ ဖြားယောင်းသွေးဆောင်ခံနေ ရတဲ့ ဟောင်ကောင်ကမ္ဘာလှည့်ခရီးသွားတွေအရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း ဟောင်ကောင်လုံခြုံရေးထိပ်တန်းအရာရှိ Michael Cheuk Hau-yip က ပြောပါတယ်။

 

ဟောင်ကောင်အထူးလုံခြုံရေးတပ်ဖွဲ့ကို ဦးဆောင်ပြီး ထိုင်းနိုင်ငံကတရားဥပဒေစိုးမိုးရေးအဖွဲ့နှစ်ဖွဲ့က အာဏာပိုင်တွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးပြီးနောက်မှာ Cheuk က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အစီအစဉ်သစ်တွေ ချမှတ်ဆောင်ရွက်မှာဖြစ် ကြောင်း အင်္ဂါနေ့အထိ သွားခဲ့တဲ့ နှစ်ရက်ကြာခရီးစဉ်ကပြန်အလာမှာ Cheuk က ပြောပါတယ်။

 

အဲဒီအစီအစဉ်တွေထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ပြီး ၎င်းတို့ရောက်ရှိနေတဲ့ နေရာကို ဖော်ပြပေးနိုင်မယ့် mobile application တစ်ခု ထည့်ပေးထားခြင်းနဲ့ ဘာသာစကား ၈ မျိုးနဲ့ ဖော်ပြပေးမယ့် ၂၄ နာရီ အမြဲတမ်းဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖန်တီးပေးခြင်းတို့လည်း ပါဝင်ပါတယ်။

 

ဟောင်ကောင်နယ်သား ၁၂ ဦး ဖြားယောင်းသွေးဆောင်ပြီး ဖမ်းဆီးခံထားရရာ ၁၁ ဦးဟာ မြန်မာနိုင်ငံထဲမှာ ရှိနေပြီး ၁ ဦးကတော့ ကမ္ဘောဒီးယားနိုင်ငံထဲမှာလို့ ခန့်မှန်းထားကြပါတယ်။

 

ဟောင်ကောင်နယ်သား ၁၂ ဦး ထိုင်းနိုင်ငံထဲမှာမရှိပေမဲ့ အထူးလုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်တပ်ဖြန့်ချထားရေး အတွက် အစိုးရဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး အကြောင်းပြချက်ကို မေးမြန်းရာမှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေတာက ၎င်းတို့အထူးတပ်ဖွဲ့အတွက် လုံခြုံရေးအရ စိုးရိမ်စရာဖြစ်နေကြောင်း Cheuk က ပြောပါတယ်။

 

ထိုင်းအာဏာပိုင်တွေဟာ ၎င်းတို့အိမ်နီးချင်းနိုင်ငံတွေနဲ့ တရားဝင်ရော/ တရားမဝင်ပါ ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှိထားပြီးဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရတဲ့ ဟောင်ကောင်နယ်သား ၁၂ ဦး ပြန်လည်ကယ်တင်နိုင်ရေးအတွက် စီမံချက် တစ်ရပ် ရေးဆွဲရာမှာရာ အဲဒီဟောင်ကောင်နယ်သားတွေကို ထောက်ပံ့ပေးရမှာရော ကူညီခဲ့ခြင်းမရှိကြောင်း Cheuk က ပြောပါတယ်။

 

အထူးတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခံထားရတဲ့ ဟောင်ကောင်နယ်သား ၁၂ ဦးထဲက တစ်ဦးရဲ့ မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ Kelvin ထံက အကူအညီတောင်းခံစာတစ်စောင်လက်ခံရရှိထားပြီး အာဏာပိုင်တွေအနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဆောင်ရွက်နိုင်အောင် အဆိုပါပုဂ္ဂိုလ်နဲ့ ဆက်သွယ်သွားမှာဖြစ်ကြောင်း Cheuk က ပြောပါတယ်။

 

အခုလအစောပိုင်းက တရုတ်ပြည်မကြီးက ရုပ်ရှင်သရုပ်ဆောင် Wang Xing ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်စဉ် ပျောက်ဆုံးသွားပြီးနောက်ပိုင်း အခုဖြစ်စဉ် ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

 

လူကုန်ကူးသူတွေ ဖြားယောင်းသွေးဆောင်သွားတဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ကိုတော့ ထိုင်းရဲတပ်ဖွဲ့က ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။

 

Ref: Thailand set to roll out measures on visitor safety, Hong Kong official says

 

#PeopleMedia


Share this post