• Follow Us on
Latest News

Home ကမ္ဘာလှည့်ခရီးသွားတွေ နွေရာသီအပန်းဖြေဖို့ စိတ်အဝင်စားဆုံး ထိပ်တန်းမြို့ ၁၀ မြို့မှာ ဘန်ကောက်ပါဝင်

ကမ္ဘာလှည့်ခရီးသွားတွေ နွေရာသီအပန်းဖြေဖို့ စိတ်အဝင်စားဆုံး ထိပ်တန်းမြို့ ၁၀ မြို့မှာ ဘန်ကောက်ပါဝင်

Share this post

နိုင်ငံတကာ၊ မေ ၁၈

 

နွေရာသီကာလ အပန်းဖြေအနားယူဖို့အတွက် ကမ္ဘာလှည့်ခရီးသည်တွေ စိတ်အဝင်စားဆုံးနေရာ ၁၀ နေရာထဲ မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ပါဝင်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ Mastercard Economics Institute (MEI) ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

 

အခုအဆင့်သတ်မှတ်ချက်ဟာ အာရှ-ပစိဖိတ်ဒေသ ၁၃ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၄ နိုင်ငံက ခရီးသွားလုပ် ငန်း မြင်ကွင်းတွေအပေါ် ပြောင်းလဲမှုတွေဖြစ်ပေါ်စေတဲ့ “Travel Trends 2024: Breaking Boundaries” အ မည်ရှိ MEI ရဲ့ ပဉ္စမအကြိမ်မြောက်နှစ်ပတ်လည်အစီရင်ခံစာရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

လာမယ့်သုံးလအတွင်း ဝယ်လိုအားမြင့်တက်လာမယ်လို့ ခန့်မှန်းထားတဲ့ အစီရင်ခံစာထဲက ထိပ်တန်းမြို့ကြီး ၁၀ မြို့မှာ ဘန်ကောက်မြို့က သတ္တမြောက်မြို့အဖြစ် သတ်မှတ်ခံရတာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံဟာ ကိုဗစ်ကာလမတိုင်ခင်ကတည်းက အာရှ-ပစိဖိတ်ဒေသမှာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စား တဲ့နေရာတစ်ခုဖြစ်ပြီးသားဖြစ်ကြောင်း Mastercard ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင်အကြီး အကဲ ဒေးဗစ်မန်းက အလွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသက ထိပ်တန်းစာရင်းမှာပါဝင်ပြီး တရုတ်နဲ့ မလေး ရှားခရီးသည်တွေ အများဆုံးလာရောက်တဲ့ နိုင်ငံဖြစ်ကြောင်း MEI က ပြောပါတယ်။

 

ဇွန်လကနေ သြဂုတ်လအတွင်း အပန်းဖြေအနားယူဖို့အကောင်းဆုံး ၁၀ နိုင်ငံထဲကမြို့တွေမှာ ဂျာမနီနိုင်ငံက မြူးနစ်မြို့ဟာ ပြီးခဲ့တဲ့နှစ်က ပထမရထားတဲ့ ဂျပန်နိုင်ငံကို ကျော်တက်သွားပြီး နံပတ် ၁ ထိပ်ဆုံးက ရယူထား ပါတယ်။

 

ဂျပန်နိုင်ငံ တိုကျိုမြို့က နံပတ် ၂၊ အယ်လေးနီးယားနိုင်ငံ ထရီယာနာမြို့က နံပတ် ၃၊ ပြင်သစ်နိုင်ငံ နိုက်စ်မြို့က နံပတ် ၄၊ မက္ကဆီကိုနိုင်ငံ ကန်ကွန်မြို့က နံပတ် ၅၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက နံပတ် ၆၊ ထိုင်းနိုင်ငံ ဘန် ကောက်မြို့က နံပတ် ၇၊ ဂရိနိုင်ငံ ကော်ဖူးမြို့က နံပတ် ၈၊ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့က နံပတ် ၉ နဲ့ အရူးဘားနိုင် ငံ အိုရန်းညက်စတတ်ဒ်မြို့က နံပတ် ၁၀ ဖြစ်ပါတယ်။

 

အာရှ-ပစိတ်ဖိတ်ဒေသဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ထိပ်တန်းမြို့ ၁၀ မြို့စာရင်းထဲမှာ တစ်ဝက် လောက်ပါဝင်နေကြောင်း MEI အစီရင်ခံစာမှာဖော်ပြထားပါတယ်။

 

ဒီဒေသရဲ့ ဒေသတွင်းခရီးသွားလာနေတဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ တိုးတက်နေကြောင်း၊ ဥပမာ ဘန်ကောက်၊ ကွာလာလမ်ပူနဲ့ ပတ်သ်မြို့တို့ဟာ စင်္ကာပူလူမျိုးတွေအတွက် နွေရာသီထိပ်တန်းအပန်းဖြေမြို့ တွေဖြစ်ကြောင်း သိရပါတယ်။

 

ကုန်ကျစရိတ်ကိစ္စဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အရေးကြီးတဲ့ထည့်သွင်းစဉ်းစားချက်ဖြစ်လာကြောင်း လေ့လာမှုအရတွေ့ရှိရကြောင်း ဒေးဗစ်မန်းက ပြောပါတယ်။

 

“ကုန်ကျစရိတ်ဟာ ကမ္ဘာလှည့်ခရီးသွားအာဏာပိုင်တွေ၊ လက်လီရောင်းဝယ်ဖောက်ကားသူတွေန၊ ဖျော်ဖြေ ရေး/ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းတွေအတွက် အရေးကြီးပါတယ်။ ဒီကနေ့ စီးပွားရေးမှာ အစီ အစဉ်တွေရေးဆွဲတဲ့အခါ စားသုံးသူတစ်ယောက်သုံးစွဲနိုင်မယ့်တန်ဖိုးငွေပမာဏကို တွက်ချက်ဆုံးဖြတ်ရာမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ သုံးစွဲနိုင်တဲ့စွမ်းအားက အရေးကြီးတဲ့ အခြေခံအချက်အလက်တွေဖြစ်လာပါပြီ။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Bangkok among world’s top 10 summer vacation destinations: Mastercard

 

#PeopleMedia


Share this post