ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဝင်ငွေ ဘတ်ငွေ ၃ ထရီလီယန်ရရှိဖို့ ထိုင်းအစိုးရ ရည်မှန်းချက်ချမှတ်

PUBLISHED - September 15, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၅
ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဝင်ငွေ ဘတ်ငွေ ၁.၉ ထရီလီယန်ရရှိခဲ့ရာ အ ခုလာမယ့်နှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ ဘတ်ငွေ ၃ ထရီလီယန်ရရှိရေးအတွက် ရည် မှန်းချက်သစ်ချမှတ်ထားကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီးက ပြောကြား လိုက်ပါတယ်။
အစိုးရအနေနဲ့ သတ်မှတ်ရည်မှန်းချက်ပြည့်ဝအောင်အကောင်အထည်ဖော်ဆောင်ရွက်လိုပေမဲ့ လုပ်ငန်းစီမံချက် ရေးဆွဲဖို့ အချိန်ပိုယူရဖို့ လိုအပ်ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီး ဆူဒါဝန်ဝန်ဆူပါကစ် ကိုဆိုလ်က ပြောပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာ ဝန်ကြီးဌာနကတင်ပြခဲ့တဲ့ နိုင်ငံတချို့ကနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးဖို့မူဝါဒကို အစိုးရအဖွဲ့က သဘောတူခဲ့ပါတယ်။
“ကမ္ဘာလှည့်ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် ဝန်ကြီးချုပ်ဆရက်ထာက ကျွန်မကို လက်နက်ကိရိ ယာတွေပေးခဲ့ပါတယ်။ အဲဒါတွေကတော့ ခရီးသွားတချို့အတွက် ဗီဇာလိုအပ်ချက်တွေ ပယ်ဖျက်ပေးခြင်း၊ လေ ဆိပ်အဝင်မှာ ခရီးသွားတွေလုပ်ဆောင်ရမယ့်လုပ်ငန်းအစီအစဉ်တွေကို လျှော့ချပေးခြင်းတွေကို စတင်ဆောင် ရွက်ခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်မတို့အနေနဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် အထောက် အကူရအောင် စီမံချက်တွေပိုမိုရေးဆွဲရပါလိမ့်မယ်။” လို့ မစ္စဆူဒါဝန်က ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဝင်ငွေ ဘတ်ငွေ ၃ ထရီလီယန်သတ်မှတ်ထားတဲ့အတွက် လာမယ့်လေးနှစ်အ တွင်းရေးဆွဲရမယ့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းစီမံချက်တွေဟာ soft power (စီးပွားရေးနဲ့ ယဉ်ကျေးမှု သြဇာ လွှမ်းမိုးမှုကိုအသုံးပြုပြီး နိုင်ငံတကာဆက်ဆံရေးကို ချဉ်းကပ်တဲ့နည်းလမ်း) ကို အသုံးပြုခြင်းအားဖြင့် ထိုင်းနိုင် ငံအတွက် ဂုဏ်သတင်းကောင်းသစ်ဖန်တီးပြီး ရေးဆွဲရမှာဖြစ်ကြောင်း၊ အဲဒီစီမံချက်တွေဟာ တစ်ခါသုံးစီမံချက် တွေမဟုတ်ဘဲ ကြီးမားကျယ်ပြန့်ပြီး တစ်သမတ်တည်းရှေ့နောက်ညီညွတ်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါ တယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာဖျော်ဖြေပွဲတွေ၊ အားကစားပွဲတွေလို ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်တဲ့ အားကစားနဲ့ ဖျော်ဖြေရေးပွဲတွေကို အဓိကအာရုံစိုက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း မစ္စဆူဒန်ဝန်က ပြောပါတယ်။
၂၀၂၃ ခု ဘဏ္ဍရေးနှစ်ဘတ်ဂျက်အကန့်အသတ်ရှိနေတဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ စီမံချက်အားလုံးရေးဆွဲ ပြီးသွားတဲ့အချိန်မှာ ဆုံးဖြတ်ရမယ့် နောက်ထပ်ဘတ်ဂျက်တွေကို တိုးတောင်းသွားဖွယ်ရှိကြောင်းသိရပါတယ်။
Ref: New foreign tourism goal set at B3tn
#PeopleMedia