• Follow Us on

Home ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဘတ်ငွေ ၁.၈ ထရီလီယန်ရရှိဖို့ ထိုင်းနိုင်ငံ မျှော်လင့်ထား

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဘတ်ငွေ ၁.၈ ထရီလီယန်ရရှိဖို့ ထိုင်းနိုင်ငံ မျှော်လင့်ထား

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂

 

ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ် နောက်ဆုံးလေးလမှာ ကမ္ဘာလှည့်ခရီးသွားဦးရေ ၁၂.၂ သန်း ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတဲ့အတွက် တစ်နှစ်လုံးအတွက် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ၃၆ သန်းနီး ပါးအထိ ရောက်ရှိလာနိုင်ပြီး ဝင်ငွေ ဘတ်ငွေ ၁.၈ ထရီလီယန် ရှာဖွေရရှိနိုင်ကြောင်း ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) က ပြောကြားလိုက်ပါတယ်။

 

ဗီဇာကင်းလွတ်ခွင့်အစီအစဉ်၊ ရာသီပွဲတော်တချို့နဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမှု ကြောင့် ၂၀၁၉ ခုနှစ်က အခြေအနေရဲ့ ၈၂% ကို ရောက်ရှိလာတဲ့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုဟာ ဈေးကွက် မြင့်တက်လာဖို့အတွက် အထောက်အကူပြုသွားမှာဖြစ်ကြောင်း TAT အုပ်ချုပ်ရေးမှူး ထာပနီးကီ ယတ်ဖိုင်ဘိုးလ်က ပြောပါတယ်။

 

အခုနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုဟာ ၂၃ သန်းရှိပြီး အရှေ့အာရှနိုင်ငံ အ ထူးသဖြင့် တရုတ်နိုင်ငံက လက်မှတ်/ဟိုတယ်တွေ ဆက်လက်ကြိုတင်မှာယူနေပြီး တရုတ်နောက်က ဥရောပ နိုင်ငံတွေနဲ့ တောင်အာရှနိုင်ငံတွေကပါ အခုနှစ် နောက်ဆုံးလေးလအတွက် ကြိုတင်မှာယူနေကြောင်း ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ စောင့်ကြည့်ရမယ့် အန္တရာယ်ရှိတဲ့အကြောင်းရင်းတွေထဲမှာ အာရှနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှု မြှင့်တက်လာ တာတွေ၊ ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်ငြိမ်တွေနဲ့ ပထဝီနိုင်ငံရေးစစ်ပွဲတွေပါဝင်ကြောင်း မစ္စထာပနီးက ပြောပါတယ်။

 

အခုနှစ် နောက်ဆုံးလေးလအတွင်း ပြည်တွင်းဈေးကွက်အတွက် TAT အဖွဲ့အနေနဲ့ ပြည်တွင်းခရီးသွား ၇၂.၅ သန်းထံက ဝင်ငွေ ဘတ် ၃၃၅ ဘီလျံရရှိဖို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။

 

တရုတ်ဈေးကွက် အထူးသဖြင့် လွတ်လပ်တဲ့တရုတ်ခရီးသွားဈေးကွက်ကို မြှင့်တင်ဖို့အတွက် ထိုင်း TAT အဖွဲ့ ဟာ Nanjing Tuniu နန်းဂျင်းတူနီးယူနိုင်ငံတကာခရီးသွားလာရေးဝန်ဆောင်မှု (အွန်လိုင်း) အဖွဲ့နဲ့ မူဝါဒ သ ဘောတူညီချက် (letter of intent) တစ်စောင်ကို သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

ဒီသဘောတူစာချုပ်အရ အဖွဲ့အစည်းနှစ်ခုဟာ ခရီးသွားလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို သတင်းအချက်အလက်တွေကိုလည်း အပြန်အလှန်ဖလှယ်သွားမှာဖြစ်ပါတယ်။

 

ဒီအစီအစဉ်ဟာ တရုတ်နိုင်ငံ ဂျန်းဆူးပြည်နယ်မြို့တော် နန်းဂျင်းက တရုတ်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ပြု လုပ်ခဲ့တာဖြစ်တဲ့အတွက် TAT အဖွဲ့ဟာ တရုတ်ကျောင်းသားတွေ ထိုင်းနိုင်ငံထဲမှာ နွေရာသီစခန်းတွေ လာ ရောက်ဖွင့်လှစ်နိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Nanjing Tuniu နဲ့ နဂိုကတည်းက လက်တွဲဆောင်ရွက်ခဲ့ ကြောင်း TAT အဖွဲ့ ရှန်ဟိုင်းရုံးခွဲ ညွှန်ကြားရေးမှူး နောင်းလပ်ယိုးယန်ဒီးက ပြောပါတယ်။

 

ဈေးကွက်ကြီးကို ထိခိုက်စေခဲ့တဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေးနှေးကွေးမှု ရိုက်ခတ်မှုအကျိုးဆက်ကို လျော့ပါးသက် သာစေဖို့ဆောင်ရွက်ရာမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝင်ငွေကို ထိန်းသိမ်းဖို့အတွက် ငွေကြေးသုံးစွဲနိုင်တဲ့ တ ရုတ်ကျောင်းသားတွေ ဝင်ရောက်လာမှုကို TAT အဖွဲ့က အဓိကအာရုံစိုက် ဆောင်ရွက်နေပါတယ်။

 

အခုအစီအစဉ်ကနေ ထိုင်းခရီးစဉ်တွေကို ကြိုတင်ဝယ်ယူတဲ့ ကမ္ဘာလှည့်ခရီးသွား တရုတ်ကျောင်းသားတွေဟာ ထိုင်းနိုင်ငံထဲမှာ တစ်ရက်ကို ပျမ်းမျှ ယွမ်ငွေ ၃,၀၀၀ ဒါမှမဟုတ် ဘတ်ငွေ ၁၄,၄၀၀ သုံးစွဲကြကြောင်း နောင်း လပ်ယိုးယန်ဒီးက ပြောပါတယ်။

 

Ref: Thailand eyes B1.8tn in tourism revenue

 

#PeopleMedia


Share this post