• Follow Us on
Latest News

Home ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဘန်ကောက်အဲဝေးစ် လေယာဉ်အသစ် အစင်း ၃၀ ဝယ်ယူဖို့ ကြိုးပမ်းနေ

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဘန်ကောက်အဲဝေးစ် လေယာဉ်အသစ် အစင်း ၃၀ ဝယ်ယူဖို့ ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ မတ် ၁၉

 

လူကြိုက်များတဲ့ The White Lotus ရုပ်သံစီးရီးက တွန်းအားပေးတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့အတွက် ဘန်ကောက်အဲဝေးစ် (Bangkok Airways) ဟာ ၎င်းတို့ ကုမ္ပဏီရဲ့ သက်တမ်းရင့် လေယာဉ်တွေကို အစားထိုးဖို့အ တွက် ဂျက်လေယာသ်အသစ် အစင်း ၃၀ ဝယ်ယူဖို့ ကြိုးပမ်းနေပါတယ်။

 

ထိုင်းလေကြောင်းလိုင်း ဘန်ကောက်အဲဝေးစ်ဟာ Airbus ၊ Boeing နဲ့ Embraer လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတွေ ဆီကနေ မင်းလမ်းတစ်ခုပါ ခရီးသည်တင်လေယာဉ် အစီး ၂၀ ကို အခုနှစ် ပထမနှစ်ဝက်အတွင်း မှာယူဖို့ စီစဉ်နေသလို နောက်ထပ် ၁၀ စင်းကိုလည်း မှာယူသွားဖို့ရှိကြောင်း ကုမ္ပဏီ CEO ပွတ်တီပေါင်ပရာဆတ်ထောင်အိုဆောက်က ပြောပါ တယ်။ ဘန်ကောက်အဲဝေးစ်ရဲ့ ရည်ရွယ်ချက်ဟာ အငှားလေယာဉ်တချို့အပါအဝင် လာမယ့်လေးနှစ်ကနေ ငါးနှစ်အတွင်း ဂျက် လေယာဉ်အစင်းရေ ၃၀ ထက်မနည်း ဖြည့်ဆည်းထားဖို့ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့ ပိုပြီး တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ လေယာဉ်အုပ်သစ်တစ်အုပ်လည်း မဖြစ်မနေ ဝယ်ရမှာပါ။” မစ္စတာပွတ်တီပေါင်က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ ဘန်ကောက်အဲဝေးစ်ကုမ္ပဏီမှာ လက်ရှိအချိန်မှာ လေယာဉ်အစင်းရေ ၂၅ စင်းရှိပြီး အဲဒီအထဲကတချို့လေယာဉ်တွေ ဟာ သက်တမ်း အနှစ် ၂၀ ရှိနေပြီဖြစ်ပါတယ်။

 

ဘန်ကောက်အဲဝေးစ်ဟာ ဘန်ကောက်နဲ့ The White Lotus ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့နေရာတွေထဲက တစ်ခုဖြစ် တဲ့ ကော့စမွေအပါအဝင် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ အဓိကနေရာတွေကို လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲ နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။

 

ထိုင်းအစိုးရက အခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား သန်း ၄၀ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား နည်းပါးတဲ့ရာသီအဖြစ် အစဉ်အလာအရ သတ်မှတ်ထားတာတောင်မှ အခုနှစ် ဒုတိယ သုံးလပတ်အတွက် ဘန်ကောက်အဲဝေးစ် ကြိုတင်မှာယူမှု ၁၄% မြင့်တက်လာခဲ့ကြောင်း မစ္စတာပွတ်တီပေါင်က ပြောပါ တယ်။

 

ဘန်ကောက်အဲဝေးစ်ဟာ ပြီးခဲ့တဲ့နှစ်က ကော့စမွေခရီးစဉ်မှာ ခရီးသည် ၂.၇ သန်း ရရှိခဲ့ရာ အခုနှစ်မှာ အဲဒီပမာဏထက် ၁၀% ကနေ ၂၀% အထိ ကျော်လွန်ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြောင်း မစ္စတာပွတ်တီပေါင်က ပြောပါတယ်။

 

ဘန်ကောက်အဲဝေးစ်ဟာ တစ်ရက်ကို လေယာဉ်ခရီးစဉ် ၅၀ ကနေ ၇၃ အထိ တိုးမြှင့်ပြေးဆွဲဖို့ ခွင့်ပြုချက်ရရှိထားပြီး ဖြစ် ပါတယ်။

 

၂၀၂၄ ခုနှစ်မှာ စုစုပေါင်းခရီးသည် ၄.၃ သန်းရရှိခဲ့တဲ့ ဘန်ကောက်အဲဝေးစ်ဟာ ၂၀၂၅ ခုနှစ်မှာ ခရီးသည် ၄.၇ သန်း စံချိန်တင်ရရှိဖို့ မျှော်မှန်းထားကြောင်း မစ္စတာပွတ်တီပေါင်က ပြောပါတယ်။

 

Ref: Bangkok Airways seeks 30 new jets to tap tourism boom

 

#PeopleMedia


Share this post