• Follow Us on
Latest News

Home ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အတွက် ဗီဇာစနစ်အလုံးစုံပြုပြင်ရေး ထိုင်းအစိုးရဆောင်ရွက်မည်

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့အတွက် ဗီဇာစနစ်အလုံးစုံပြုပြင်ရေး ထိုင်းအစိုးရဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁

 

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာစနစ်ကို အလုံးစုံစစ်ဆေးပြုပြင်သွားဖို့ ဆောင်ရွက်နေ ပါတယ်။

 

နိုင်ငံခြားခရီးသွားတွေကို ဘယ်လိုဆွဲဆောင်ရမယ်လဲဆိုတာ ဆွေးနွေးဖို့အတွက် ထိုင်းဝန်ကြီးချုပ်ဆရက်သာ သာဗီဆင်က လေကြောင်းအာဏာပိုင်၊ လေယာဉ်လိုင်းတွေနဲ့ တနင်္လာနေ့က သွားရောက်တွေ့ဆုံပြီးနောက်မှာ အခုကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ဟာ လာမယ့်နှစ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ထိုင်း ဘတ်ငွေ ၃ ထရီလီယန်ရရှိအောင် ရှာဖွေဖို့ ရည်မှန်းထားပါတယ်။

 

ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ဗီဇာလျှောက်ထားမှုလုပ်ထုံးလုပ်နည်းတွေဟာ ရှည်ကြာလွန်းတဲ့အပြင် ငွေကုန်ကြေးကျများ လှတဲ့အတွက် ထိုင်းနိုင်ငံအတွက် ထိပ်တန်းပြင်ပကမ္ဘာလှည့်ခရီးသွားဈေးကွက်နှစ်နေရာဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေကို ဟန့်တားထားသလို ဖြစ်နေကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ် ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

 

လက်ရှိအချိန်မှာ တရုတ်၊ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ကနေဒါ၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ် စတဲ့ ၉ နိုင်ငံမှာ အီလက်ထရောနစ်ဗီဇာ (e-visa) လျှောက်ထားမှုတွေကို ဆောင်ရွက်နိုင်ပေမဲ့ အဲဒီစနစ်ဟာ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ ထိုင်းနိုင်ငံကိုလာရောက်ဖို့ ဟန့်တားနေသလိုဖြစ်နေတဲ့အတွက် အဲဒီစနစ်ကို ပိုမိုအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ဖို့လိုနေတယ်လို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုပ်ကိုင် နေသူတွေက ပြောပါတယ်။

 

တရုတ်ခရီးသွားတွေဟာ ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါဘေးမဖြစ်ခင်တုန်းက သန်း ၄၀ ရောက်ရှိလာရာ အခုအ ချိန်မှာ အဲဒီပမာဏရဲ့ ၂၈% သာရောက်ရှိလာတော့တယ်လို့ ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ အိန္ဒိယခရီးသွားတွေဟာ ထိုင်းနိုင်ငံကိုဆိုက်ရောက်လာတာနဲ့ ၁၅ ရက် ဗီဇာအတွက် ဘတ် ငွေ ၂၀၀၀ ကို ပေးနေရတုန်းပဲလို့ ဆိုပါတယ်။

 

ဒါပေမဲ့ ထိုင်းဝန်ကြီးချုပ်က ဗီဇာကင်းလွတ်ခွင့်နိုင်ငံတွေကို ပိုမိုတိုးချဲ့လိုတဲ့အတွက် ဝန်ကြီးချုပ်လက်မှတ်ရေး ထိုးပြီးရင် အဲဒီကန့်သတ်ချက်ကို မကြာခင် ပြန်လည်ရုပ်သိမ်းသွားနိုင်တယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံစီးပွားရေးတိုးတက်စေရေးအတွက် ကမ္ဘာလှည့်ခရီးသွားကဏ္ဍနဲ့ တခြားကဏ္ဍတွေအတွက် မဟာဗျူ ဟာသစ်တွေ ချမှတ်ရေးဆွဲဖို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးတွေက အရာရှိတွေနဲ့ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဟာ မကြာသေးခင်ကပဲ အွန်လိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

 

ထိုင်းဗီဇာအလုံးစုံစစ်ဆေးပြုပြင်ရေးအစီအစဉ်ထဲမှာ ပြည်ပနိုင်ငံတွေမှာနေထိုင်ကြတဲ့ ထိုင်းနိုင်ငံသားတွေအ တွက်လည်းပါတယ်လို့ ဆိုပါတယ်။

 

အဲဒီအစီအစဉ်တွေထဲမှာ ကောင်စစ်ဝန်ရုံးသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီပြန်လည်ပြုပြင်ရေး၊ ထိုင်းနိုင်ငံသားတွေကိုကူညီဖို့ အီလက်ထရောနစ်ကူညီရေးကောင်စစ်ဝန်အပလီကေးရှင်းတစ်ခု အသုံးပြုရေး၊ အီလက်ထရောနစ်ပြည်ဝင်ခွင့် (e-visa) နဲ့ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် (e-passport) စနစ်ရေးဆွဲ ရေး၊ လာမယ့်အနာဂတ်ကာလ ထိုင်းရွေးကောက်ပွဲတွေမှာ ပြည်ပနိုင်ငံရောက် ထိုင်းနိုင်ငံသားတွေရဲ့ ဆန္ဒမဲ ပေးမှုကို စောင့်ကြည့် ကြီးကြပ်ရေးတို့ ပါဝင်ပါတယ်။

 

Ref: Thailand plans visa overhaul to boost tourism, lure Chinese and Indians: The Nation

 

#PeopleMedia


Share this post