• Follow Us on
Latest News

Home ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့မှုတွန်းအား မလုံလောက်သဖြင့် နိုင်ငံအသီးသီးက တစ်လှေတည်းစီးတစ်ခရီး တည်းသွားကာ ဖွံ့ဖြိုးတိုးတက်မှုကိုအတူဖော်ဆောင်ရန်လိုအပ်ကြောင်း တရုတ်သမ္မတပြောကြား

ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့မှုတွန်းအား မလုံလောက်သဖြင့် နိုင်ငံအသီးသီးက တစ်လှေတည်းစီးတစ်ခရီး တည်းသွားကာ ဖွံ့ဖြိုးတိုးတက်မှုကိုအတူဖော်ဆောင်ရန်လိုအပ်ကြောင်း တရုတ်သမ္မတပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၈

 

လက်ရှိတွင် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့မှုတွန်းအားမလုံလောက်သဖြင့် နိုင်ငံအသီးသီးက တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ ဖွံ့ဖြိုးတိုးတက်မှုကို အတူဖော်ဆောင်ရန်လိုအပ်ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင် က ပြောသည်။

 

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် နိုဝင်ဘာလ ၅ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ ကျင်းပသော (၆) ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲထံ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

သမ္မတရှီကျင့်ဖျင်က လက်ရှိတွင် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့မှုတွန်းအားမလုံလောက်သဖြင့် နိုင်ငံအသီးသီး က တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ  ဖွံ့ဖြိုးတိုးတက်မှုကို အတူဖော်ဆောင်ရန်လိုအပ်ကြောင်း၊ တ ရုတ်နိုင်ငံသည် အမြဲတစေ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါအခွင့်အလမ်းဖြစ်နေပြီး အဆင့်မြင့်တံခါးဖွင့်မှုကို ခိုင်မြဲစွာဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကိုလည်း ပိုမိုတံခါးဖွင့်သော အားလုံးပါဝင်သော၊ ယေဘုယျအားဖြင့်အကျိုးဖြစ်ထွန်းသော၊ မျှတသော၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော လားရာသို့တိုးတက်ရန် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြောသည်။

 

သွင်းကုန်ကုန်စည်ပြပွဲကလည်း ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းအသစ်တည်ဆောက်မှုဟူသည့် ပြတင်းပေါက် လုပ်ဆောင်ချက်ကို အရှိန်မြှင့်တိုးမြှင့်ကာ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်ဖြင့် ကမ္ဘာကြီးအတွက် အခွင့် အလမ်းသစ်များ ထောက်ပံ့ပေးရန်မျှော်လင့်ကြောင်း၊ အရည်အသွေးမြင့်တံခါးဖွင့်သည့် ပလက်ဖောင်းအခန်း ကဏ္ဍကို အပြည့်အဝအသုံးချကာ တရုတ်နိုင်ငံ၏ ဈေးကွက်ကြီးကို ကမ္ဘာကအတူမျှဝေသည့် ဈေးကွက်ကြီးဖြစ် လာစေရန် မျှော်လင့်ကြောင်း၊ တစ်ကမ္ဘာလုံးက အတူမျှဝေသည့် နိုင်ငံတကာ Public Goods ဝန်ဆောင်မှု ပိုမိုကောင်းမွန်စွာထောက်ပံ့ပေး၍ တံခါးဖွင့်မှုပုံစံ ကမ္ဘာ့စီးပွားရေးတည်ဆောက်မှုကို တွန်းအားပေးကာ အပြန် အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာကြီးအကျိုးခံစားရရန်မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

 

(၆) ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ထိုနေ့တွင် ရှန်ဟိုင်းမြို့၌စတင်ကျင်းပခဲ့ပြီး မြန်မာကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်ပြသခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post