• Follow Us on
Latest News

Home ကမ္ဘာ့ထိပ်တန်းနည်းပညာ ကုမ္ပဏီတွေကို ထိုင်းဒစ်ဂျစ်တယ်လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ထိုင်း ကိုယ်စားလှယ်အဖွဲ့ ဖိတ်ကြား

ကမ္ဘာ့ထိပ်တန်းနည်းပညာ ကုမ္ပဏီတွေကို ထိုင်းဒစ်ဂျစ်တယ်လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ထိုင်း ကိုယ်စားလှယ်အဖွဲ့ ဖိတ်ကြား

Share this post

နိုင်ငံတကာ၊ မတ် ၂

 

စပိန်နိုင်ငံမှာရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့လူမှုအဖွဲ့အစည်း (Digital Economy and Society – DES) ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာ့ထိပ်တန်းနည်းပညာ ကုမ္ပဏီတွေကို ထိုင်းဒစ်ဂျစ် တယ်လောကနဲ့ အစိုးရစီမံကိန်းလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

 

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာကျင်းပတဲ့ နောက်ဆုံးပေါ်နည်းပညာပစ္စည်းတွေကို ခင်းကျင်းပြသတဲ့ Mobile World Congress (MWC) 2024 ပြပွဲက ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီတွေရဲ့ ခင်းကျင်းပြသမှုတွေကို သွားရောက်လေ့လာစဉ် ထိုင်းကိုယ်စားလှယ်အဖွဲ့က အခုလို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

 

DES ဝန်ကြီး ပရာဆတ်ချန်တာရာရောင်းထောင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဟာဝေးနည်းပညာအဖွဲ့ က အလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံထဲမှာ အခွင့်အလမ်းတွေရှာပြီး ဆက်သွယ်ရေးကွန်ရက် နယ်ပယ်ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ပထမဦးဆုံး cloud project ၊ big data နဲ့ AI နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေး တိုက်တွန်းခဲ့ပါတယ်။

 

တရုတ်နိုင်ငံက ကမ္ဘာ့တတိယမြောက်အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ဟာဝေးကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေ ကလည်း ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ကူးပြောင်းရေးလုပ်ငန်းစဉ်နဲ့ အီလက်ထရောနစ်အစိုးရတစ်ရပ်ထူထောင်ဖို့ ကြိုးပမ်းနေတာကိုလည်း ဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

 

အဲဒီနောက် ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ Oracle ကုမ္ပဏီရဲ့ပြပွဲကို သွားရောက်ပြီး ကုမ္ပဏီရဲ့ cloud နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာခဲ့ကြပါတယ်။

 

အဲဒီကုမ္ပဏီရဲ့ပြပွဲမှာ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေမြှင့်တင်ဖို့နဲ့ ကိုင်ပိုင် cloud အခြေခံအ ဆောက်အုံထူထောင်နိုင်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

 

ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ ကုမ္ပဏီရဲ့ Azure Cloud platform ကတစ်ဆင့်ရရှိနိုင်တဲ့ AI နည်းပညာစွမ်းရည် တွေကို တင်ပြထားတဲ့ Microsof ကုမ္ပဏီကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။

 

အဲဒီနောက် ထိုင်းနိုင်ငံအတွက်း 5G နည်းပညာအသုံးပြုနိုင်ရေးအတွက် ထိုင်း ကုမ္ပဏီတွေကို အဆင့်မြှင့်တင် ပေးဖို့နဲ့ နိုင်ငံတွင်း ဒစ်ဂျစ်တယ်ကွာခြားချက် လျှော့ချနိုင်ဖို့အတွက် ညနေပိုင်းမှာ DES ဝန်ကြီး ပရာဆတ်ဟာ Telenor Asia ကုမ္ပဏီရဲ့ အမှုဆောင်အရာ ရှိတွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

 

ပြပွဲမှာ ခင်းကျင်းပြသထားတဲ့အထဲမှာ ဝေးလံခေါင်ဖျားဒေသတွေမှာ ပညာရေးနဲ့ လူထုကျန်းမာရေးစနစ်တွေကို ထောက်ပံ့ကူညီနိုင်တဲ့ Starlink ကုမ္ပဏီရဲ့ ဂြိုဟ်တုဆက်သွယ်ရေးအင်တာနက်စနစ်နဲ့ T3 Technology ကုမ္ပဏီ ရဲ့ AI စွမ်းအင်သုံး cloud နည်းပညာ/ စမတ်ဖုန်းနဲ့ စမတ်အပလီကေးရှင်းတွေအတွက် IoT တီထွင်ဖန်တီးမှု နည်းပညာတွေလည်း ပါဝင်ပါတယ်။

 

Ref: Tech leaders invited to invest in Thailand’s digital industry

 

#PeopleMedia


Share this post