• Follow Us on

Home ကမ္ဘာ့နိုင်ငံကြီးများအကြားယှဉ်ပြိုင်မှု၊ ပဋိပက္ခနှင့် ကမ္ဘာကြီး၏ စိုးရိမ်ဖွယ်ရာပြဿနာများကိုဖြေရှင်းနိုင်ရေး အတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ကမ္ဘာ့နိုင်ငံကြီးများအကြားယှဉ်ပြိုင်မှု၊ ပဋိပက္ခနှင့် ကမ္ဘာကြီး၏ စိုးရိမ်ဖွယ်ရာပြဿနာများကိုဖြေရှင်းနိုင်ရေး အတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

ကမ္ဘာ့နိုင်ငံကြီးများအကြား ယှဉ်ပြိုင်မှု၊ ပဋိပက္ခနှင့်ကမ္ဘာကြီး၏ စိုးရိမ်ဖွယ်ရာ ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောသည်။

 

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကာ မိန့်ခွန်းများ ပြောကြားခဲ့သည်။

 

အစည်းအဝေး၌ ပြည်‌ထောင်စုဝန်ကြီး ဦးသန်းဆွေက ယခုထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်ဖြစ်သည့် ကမ္ဘာ လုံးဆိုင်ရာ ကြွယ်ဝမှုများ မျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးသည် ယနေ့ကမ္ဘာ၏ လက်ရှိအခြေအနေများအပေါ် ထင်ဟပ်မှုရှိသဖြင့် အထူးသင့်လျော်ကြောင်း၊ မိမိတို့ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ရှုပ်ထွေးနက်နဲခက်ခဲမှုများ အားလုံးကိုဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏စည်းလုံးညီညွတ်မှု၊ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည် ကြောင်း၊ ကမ္ဘာ့နိုင်ငံကြီးများအကြား ယှဉ်ပြိုင်မှု၊ ပဋိပက္ခနှင့်ကမ္ဘာကြီး၏ စိုးရိမ်ဖွယ်ရာ ပြဿနာများကို လက် တွေ့ကျကျ ဖြေရှင်းနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ရန် လိုအပ် ကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင်ပါဝင်ခဲ့သည့် နိုင်ငံတစ် နိုင်ငံဖြစ်သည့် အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် များပြားလှသည့် ကမ္ဘာ့ရေးရာများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကသက်ဆိုင်သည့် အခန်းကဏ္ဍမှ ဆက် လက်ရပ်တည်နိုင်စေရေး မျှော်လင့်ပါကြောင်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်။

 

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement-NAM) ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားမြှင့် တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်။ ယခုကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှား မှုအဖွဲ့၏ (၁၉) ကြိမ်မြောက်ထိပ်သီးအစည်းအဝေး၌ တောင်ဆူဒန်နိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ရာ ဘက်မ လိုက်လှုပ်ရှားမှုအဖွဲ့၌လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၁ နိုင်ငံ ရှိလာပြီဖြစ်သည်။

 

#PeopleMedia


Share this post